ဆိုးရှားနေရာ အစားထိုးရန် ပိုချက်တီနိုကို မန်ယူအသင်း ချိတ်ဆက်

၆ အောက်တိုဘာ

မန်ယူအသင်းက နည်းပြဆိုးရှားနေရာကို အစားထိုးနိုင်ဖို့  စပါးနည်းပြဟောင်း ပိုချက်တီနိုကို  ချိတ်ဆက်မှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ မန်ယူက ပိုချက်တီနိုကို အခုမှ စပြီး စိတ်ဝင်စားခဲ့တာမဟုတ်ဘဲ အရင် စပါးအသင်းကို ကိုင်တွယ်စဉ်ကတည်းက  တောက်လျှောက် ဆက်သွယ်ခဲ့တာဖြစ်ပေမယ့် အဲဒီအချိန်တုန်းက စပါးဥက္ကဌ လီဗိုင်းက အကြိမ်ကြိမ်  ဟန့်တားခဲ့လို့သာ ပိုချက်တီနိုတစ်ယောက်  မန်ယူအသင်းကို မကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

 

မန်ယူအသင်းက နည်းပြ ဆိုးရှားကို ထုတ်ပယ်ဖို့ ယတိပြတ်ပြင်ဆင်ထားတာမရှိသေးဘဲ   နည်းလမ်းအသစ်တွေနဲ့ အသင်းတိုးတက်ရေးကို ဘယ်လိုဆောင်ကျဉ်းပေးမလဲဆိုတဲ့ အဖြေကို ရှာနေတုန်းလို့  ဂိုးလ်ဒေါ့ကွန်းက ဖော်ပြပါတယ်။ ဒါပေမယ့် တစ်ဖက်ကလည်း စပါးကို အိမ်ကွင်းမှာ ခြောက်ဂိုး-တစ်ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ပိုချက်တီနိုကို ပြန်လည်ချိတ်ဆက်မှုတွေကို   လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ မန်ယူဘုတ်အဖွဲ့ဝင်တွေက မန်ယူဟာ ပရီမီယာလိဂ်မှာ ရလဒ်ပိုင်း ဆိုးရွားနေတဲ့အတွက် အပြောင်းအလဲတစ်ရပ်ကို ဖော်ဆောင်ဖို့ ဆန္ဒရှိနေပေမယ့်လည်း အခုမှရာသီစတာ ဖြစ်လို့ နည်းပြဆိုးရှားကို အချိန်ထက်ပေးသင့်တယ်လို့ ယူဆနေတယ်လို့လည်း သိရပါတယ်။ 

 

ပိုချက်တီနိုဟာ ပြီးခဲ့တဲ့နှစ် စပါးအသင်းက ထုတ်ပယ်ခံခဲ့ရချိန်ကတည်းက  ဘယ်အသင်းကိုမှ ကိုင်တွယ်ခြင်း မရှိသေးဘဲ အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး  အခြားဥရောပကလပ် အသင်းကြီး တွေကလည်း  ချိတ်ဆက်နေတဲ့ နည်းပြတစ်ဦး ဖြစ်ပါတယ်။

မေလဲ့သင်း