ဆိုနီကုမ္ပဏီက ပထမသုံးလပတ်မှာ ၅၃ ဒသမ ၃ ရာခိုင်နှုန်း အမြတ်အစွန်းရရှိ

၄ ဩဂုတ်

 

ဆိုနီ (Sony) ကုမ္ပဏီက ပထမသုံးလပတ်မှာ ၅၃ ဒသမ ၃ ရာခိုင်နှုန်း အမြတ်အစွန်းရရှိကြောင်း အင်္ဂါနေ့မှာ ကြေညာလိုက်ပေမယ့် ကပ်ရောဂါဗိုင်းရပ်စ်ပိုးသာ ဆက်လက်ကူးစက်နေမယ်ဆိုရင် နှစ်ချုပ်စာရင်းမှာတော့ ဂဏန်းနှစ်လုံးစာလောက် အရှုံးပေါ်နိုင်ကြောင်း သတိပေးလိုက်ပါတယ်။

 

PlayStation ထုတ်လုပ်တဲ့ ဆိုနီကုမ္ပဏီက ဧပြီ၊ မေ၊ ဇွန် သုံးလအတွင်း အသားတင် အမြတ်ငွေ ဂျပန်းယန်း ၂၃၃ ဒသမ ၂၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ) ရရှိကြောင်း၊ ဂိမ်း၊ နက်ဝက်ဘ်နဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ သိသိသာသာ များလာကြောင်း သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါးပိုး ကူးစက်မှုကို ထိန်းချုပ်ရန် နေအိမ်မှာသာနေထိုင်ရန် စည်းမျဉ်းကြောင့် ဂိမ်းဝယ်ယူတွေများ လာပေမယ့် ကုမ္ပဏီထုတ်ပစ္စည်းတွေ ရောင်းအားကျဆင်းသလို တေးဂီတ အခမ်းအနားတွေကိုလည်း ဖျက်သိမ်းတာမျိုးနဲ့ ရုပ်ရှင်ရုံတွေ ပိတ်ထားတဲ့အတွက် ဆိုနီရဲ့ ဝန်ဆောင်မှုလုပ်ငန်းများမှာ ကျဆင်းခဲ့ပါတယ်။

 

PS5 ဂိမ်းကစားစက်ကို ဒီနှစ်ကုန်ပိုင်းမှာ ဈေးကွက်အတွင်းကို ဖြန့်ချိဖို့ မျှော်လင့်ထားတဲ့အတွက် ကုမ္ပဏီရဲ့ ရှယ်ယာဈေးကို တက်လာအောင် ကူညီနိုင်ကြောင်း စီးပွားရေးပညာရှင်တွေက ခန့်မှန်းထားပါတယ်။

 

MDN

ကိုးကား- AFP

 

mdn