ဆိုင်ကယ်ပေါ်မှပြုတ်ကျ၍ အမျိုးသမီးတစ်ဦး သေဆုံးမှု ရွှေဘိုမြို့နယ်၌ ဖြစ်ပွား

ကျောက်မြောင်း   ၅  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၌ မတ် ၄ ရက် ညနေပိုင်းက ဆိုင်ကယ်ပေါ်မှပြုတ်ကျ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မတ် ၄ ရက် ညနေ ၅ နာရီခွဲခန့်က ရွှေဘို - ကျောက်မြောင်းသွားကားလမ်း၊ မိုင်တိုင်အမှတ် (၁၅)မိုင်/(၄ ) ဖာလုံနှင့် (၁၅) မိုင်/( ၅) ဖာလုံကြား သပြေချောင်းတံတားအနီးတွင် ကျောက်မြောင်း ဘက်မှ ရွှေဘိုဘက်သို့  (၄) မိုင်ကျေးရွာ၊ သပိတ်ကျင်းမြို့နယ်နေ မြတ်သူ မောင်းနှင်လာသော အနက်ရောင်ဆိုင်ကယ်၏ နောက်တွင် လိုက်ပါလာသူ ဒေါ်စန်းတင့်မှာ ဆိုင်ကယ်ပေါ်မှပြုတ်ကျပြီး ဒဏ်ရာများရရှိကာ ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ ည ၇ နာရီခွဲ အချိန်အရောက်တွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်မြောင်းနယ်မြေရဲစခန်းကအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

မိုးသောက်(ရွှေဘို)