ဆိုင်ကယ်ခိုးယူသူ သုံးဦးနဲ့  ဆိုင်ကယ် ၁၂ စီးခိုးမှုအား မင်းဘူးမြို့မရဲစခန်းမှ  စစ်ဆေးဖော်ထုတ်နိုင်ခဲ့

မင်းဘူး ၃၀ ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ မင်းဘူးမြို့တွင် ဆိုင်ကယ်ခိုးယူသူ သုံးဦးနဲ့ ဆိုင်ကယ် ၁၂ စီးခိုးမှုအား စစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရှိရသည်။

 

မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော် တာဝန်ပေးချက်အရ နယ်ထိန်း(အရာရှိ)ဒုရဲအုပ် ကျော်ငြိမ်းနှင့် တပ်ဖွဲ့ဝင်များသည် ဧပြီ ၂၇ ရက်နေ့ ည ၁၁ နာရီခွဲခန့်က ညဉ့်နက် လှည့်ကင်းဆောင်ရွက်နေစဉ် မင်းဘူးမိုတယ်အနီး ဈေးဘက်သွားလမ်းကြားတွင် မသင်္ကာဖွယ် လူတစ်ဦးကို ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရာ ၎င်းမှာ မကျီးပင်ကျေးရွာနေ မျိုးမင်းထွန်းဖြစ်ပြီး ဆိုင်ကယ်အား စစ်ဆေးရာ အထောက်အထား တစ်စုံတစ်ရာ ပြောပြနိုင် ခြင်းမရှိ၍  ခိုးယူလာကြောင်း တွေ့ရှိရသဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

ဆက်လက်၍ ဖမ်းဆီးရမိသော မျိုးမင်းထွန်းအား အခြားခိုးမှုများ ကျူးလွန်ထားခြင်း ရှိ/မရှိ ဖော်ထုတ်နိုင်ရေးအတွက် မင်းဘူး မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော်က အနီးကပ်ကြပ်မတ်ကွပ်ကဲပြီး အထူးအမှုအစစ်အဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ မျိုးမင်းထွန်းအတူ  သန်းထိုက်အောင်(ခ)ဆန်းကွဲ၊ ဇော်ထိုက်(ခ)ဖြူတုတ်  စုစုပေါင်း သုံးဦးတို့သည် ဆိုင်ကယ်ခိုးယူမှု (၁၂) မှု ပေါ်ပေါက်ခဲ့ပြီး၊ အခြားခိုးမှုများ ပေါ်ပေါက်နိုင်ရေး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း နယ်ထိန်းခေါင်းဆောင်(အရာရှိ) ဒုရဲအုပ်ကျော်ငြိမ်းထံမှ သိရှိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး)