ဆိုင်ကယ်အရှိန်ပြင်းစွာမောင်းနှင်ပြီး ဓာတ်တိုင်အား ဝင်တိုက်မိရာမှ မောင်းနှင်သူ သေဆုံး

မိုင်းဖြတ် ၁၂ ဇွန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ယနေ့ နံနက် ၆နာရီခွဲခန့်က ဝမ်မိုင်ရပ်ကွက်၊ တာချီလိတ်- မိုင်းဖြတ်သွား ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ၇၁၀ နှင့် ၇၁၁ ကြားတွင် ဆိုင်ကယ်တစ်စီး အရှိန်ပြင်းစွာ မောင်းနှင်ပြီး လမ်းဘေးရှိ ဓာတ်တိုင်အား ဝင်တိုက်မိရာမှ မောင်းနှင်သူ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်ဘက်မှ မိုင်းဖြတ်ဘက်သို့ ယာဉ်မောင်း ဖြိုးကိုကိုဦး(သ)၂၀နှစ် ဝမ်မိုင်ရပ်ကွက်၊ မိုင်းဖြတ်မြို့နေသူ တစ်ဦးတည်းမောင်းနှင်လာသည့် ဆိုင်ကယ်သည် အခင်းဖြစ်ပွားရာ နေရာအရောက်တွင် ကားလမ်းမကြီးဘေးရှိ ကွန်ကရစ်လမ်းမီးတိုင်အား အရှိန်ပြင်းစွာဝင်တိုက်မိပြီး ယင်းနေရာ၌ပင် သေဆုံးခဲ့သည်။

သို့ဖြစ်ပါ၍ ဆိုင်ကယ်အား မဆင်မခြင် အရှိန်ပြင်းစွာ မောင်းနှင်သူ ယာဉ်မောင်း ဖြိုးကိုကိုဦးအား မိုင်းဖြတ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)