ဆိုင်ကလုန်းမုန်တိုင်း  “ဘူရီဗီ” မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေး အဝါရောင်အဆင့်ဟု သတ်မှတ်

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၈/၂၀၂၀)

 

နေပြည်တော် ၂ ဒီဇင်ဘာ

 

ယနေ့မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ဘူရီဗီ” (Burevi)သည် အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ (Trinco- malee) မြို့၏ အရှေ့ ဘက် ရေမိုင် (၁၃၅) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပမ်ဘန် (Pamban) မြို့၏ အရှေ့ - အရှေ့တောင်ဘက် ရေမိုင် (၂၅၅) မိုင်ခန့်နှင့် ကန်ညာကူမာရီ (Kanyakumari) မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၃၅၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေသည်။

 

ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ဘူရီဗီ” (Burevi) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

 

ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ဘူရီဗီ” (Burevi) သည် မြန်မာစံတော်ချိန် (၀၆:၃၀) နာရီတွင် မြောက်လတ္တီကျု ၈ ဒသမ ၂ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၃ ဒသမ ၄ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား  (၉၉၉) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၄၀)နှုန်း ဖြစ်သည်။

 

 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ဘူရီဗီ” (Burevi)သည် အနောက်-အနောက်မြောက်ဘက်သို့  ဆက်လက်ရေွ့လျားပြီး၊ ယနေ့ညပိုင်းတွင် သီရိလင်္ကာနိုင်ငံ၊ ကမ်းရိုးတန်းကို ထရီကိုမာလီ (Trincomalee) မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက် နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

MDN

 

mdn