ဆိပ်ဖြူမြို့နယ်ရှိ ဆိပ်ကမ်းသာရေလုပ်သားများ ငါးကြီးဖမ်းရာသီ လုပ်ငန်းခွင်ဝင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်

ဆိပ်ဖြူ  ၄  အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ဧရာဝတီမြစ်နှင့် ယောချောင်းကိုအမှီပြု၍ ငါးဖမ်းခြင်းဖြင့် မိသားစုအသက်မွေးဝမ်းကြောင်း ဆောင်ရွက်လျှက်ရှိသော ရေလုပ်သားများသည် ငါးကြီးဖမ်းရသည့်အတွက် လုပ်ငန်းခွင်အသုံးပြုလျှက်ရှိသော ငါးဖမ်းလှေနှင့် ငါးဖမ်းပိုက်များကို ပြင်ဆင်ဆောင်ရွက်လျှက်ရှိသည်။

 

အိမ်ထောင်စု (၇၁) စု၊ လှေအစင်း (၆၀) ဖြင့် ဘဝရပ်တည်နေထိုင်ဆောင် ရွက်လျှက်ရှိသည့် ဆိပ်ဖြူမြို့ ဆိပ်ကမ်းသာရေလုပ်သားများသည် ဧရာဝတီမြစ်နှင့် ယောချောင်းဆုံရာအရပ်တွင် အမှီပြုနေထိုင်ပြီး မိသားစုသက်မွေးဝမ်းကြောင်းအတွက် ရေလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် ဆောင်ရွက်လျှက်ရှိရာ ရေလုပ်ငန်းကို နိုင်ငံတော်မှ ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင် ရွက်လျှက်ရှိသည်။

 

22

 

ရေလုပ်သားမိသာစုများအနေဖြင့် ငါးကြီးဖမ်းရာသီချိန်ဖြစ်သည့် သီတင်းကျွတ်တန်ဆောင်မုန်းလ များမှ တန်ခူးလအထိ ငါးကြီးတက်ချိန်ဖြစ်ပြီး မိသားစုအတွက် အဆင်ပြေသည့်ကာလဟု ဆိုနိုင်သော်လည်း ရေလုပ်ငန်းသည် မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေသည့်လုပ်ငန်းမဟုတ်၊ ငါးရရှိသည့် နေ့အပေါ်မူတည်၍ရရှိဝင်ငွေဖြင့် မိသားစုစားဝတ်နေရေး၊ ကျန်းမာရေးနှင့်သားသမီးများ၏ ပညာရေးအတွက် ဖြေရှင်းဆောင်ရွက်ကြရကြောင်း၊ ယခုအချိန်မှာ လှေပြင်၊ ပိုက်ကြီးပြုပြင်ခြင်း၊ ပိုက်ကွန်သစ်ထိုးခြင်းများ ဆောင်ရွက်နေပြီး ပိုက်ကြီးချနိုင်ရန် ပြင်ဆင်နေသည့်အတွက် မြစ်အတွင်း အလုပ်လုပ်ကိုင်သူ နည်းပါးကြောင်း၊ ယက်သဲထိုးငါးဖမ်းသူ အနည်းငယ်သာရှိပြီး ငါးအသေးများ၊ ပုဇွန်များသာရှိကြောင်း၊ ငါးမရရှိသည့် နေ့ရက်များတွင် စုဆောင်းထားရှိသည့်ငွေကို ရေလုပ်ငန်းလုပ်ကိုင်သူများအချင်းချင်း စားဝတ်နေရေးအတွက် ဖလှယ်ရယူ၍ မိမိဝင်ငွေရရှိသည့် အချိန်မှပြန်ပေးကြကြောင်း၊ ငါးကြီးဖမ်းပိုက်ကြီး ချချိန်တွင် မိသားစုဝင်ငွေ အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ချက်နဲ့ ရေလုပ်သားများ လုပ်ငန်းခွင်ဝင်နိုင်ရန် ဆောင်ရွက်လျှက်ရှိပြီး ငါးဖမ်းပိုက်အသစ်တစ်ဖောင် ထိုးရာတွင် ကိုက် (၇၀၀) လျှင် ငါးသိန်း၊ ဖောင်အ ဟောင်းပြင်လျှင် တစ်သိန်းခန့် ကုန်ကျမှုရှိပြီး ရေလုပ်ငန်းဧရိယာအကျယ် မိုင်ခန့်ရှိကြောင်း ရေလုပ်သား များထံမှ သိရှိရသည်။

 

စိုးလင်းနိုင်(IPRD)