ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ သောက်သုံးရေအခက်အခဲဖြစ် နေသော ဒေသခံသို့ ရေဂါလန် ၁၅၀ဝ၀ ဖြန့်ဝေ လှူဒါန်း

ရန်ကုန်   ၁၃   မေ

 

ရန်ကုန်တိုင်းဒေသကြီး  ရန်ကုန်တောင်ပိုင်းခရိုင်  ဆိပ်ကြီးခနောင်တိုမြို့နယ် ဒေသအတွင်း နွေရာသီ ကာလ အပူရှိန်မြင့်တက်လာ‌သည်နှင့်အမျှ ရေတွင်းရေကန်များ ခန်းခြောက်စပြုလာပြီး သောက်သုံးရေ ရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့နေရသဖြင့် ယနေ့နံနက်ပိုင်းက မရမ်းကုန်းမြို့ "ရွှေရောင်သမိုင်း" အရေးပေါ် ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း မှ ရေဂါလန် ၃၀ဝ၀ ဆံ့ ရေသယ်ယာဉ် ၁ စီးဖြင့် သွားရောက်၍ စုစုပေါင်းသောက်သုံးရေ  ဂါလန် ၁၅၀ဝ၀ ကို ဒေသခံ ပြည်သူများထံ ဖြန့်ဝေလှူဒါန်းခဲ့‌ကြောင်း သိရသည် ။

 

မျိုးမင်းသိန်း(မရမ်းကုန်း)