Chinese 8 Ball ပြိုင်ပွဲ၌ ပဥ္စမမြောက်ပွဲစဉ်တွင် ဘုန်းမြင့်ကျော်(ခ)အားတီ မြန်မာနိုင်ငံအလံ တပ်ဆင်ထားသည့် အင်္ကျီဖြင့် ယှဉ်ပြိုင်ကစားမည်

ရန်ကုန် ၁၄ မေ

 

မြန်မာ့လက်ရွေးစင် ပူးလ်ကစားသမား ဘုန်းမြင့်ကျော်()အားတီသည် မေ ၁၅ ရက် ညတွင်ကစားမည့် 2020 8 Battle Chinese pool Super Match (Chinese 8 Ball) ပြိုင်ပွဲ၌ ၎င်း၏ ပဥ္စမမြောက်ပွဲစဉ်ကို မြန်မာနိုင်ငံအလံ တပ်ဆင်ထားသည့် ဂျာစီအင်္ကျီဖြင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

ယခုပြိုင်ပွဲကြီး၏ အဓိကစပွန်ဆာရှင်ဖြစ်သည့် ခန်းရှီးစိန့်ရှစ် ကုမ္ပဏီသည် အားတီကို အားပေးခဲ့ကြသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်တို့ အပါအဝင် မြန်မာပရိသတ်များ၏ အားတီအပေါ် လှိုက်လှိုက်လှဲလှဲ အားပေးမှုများကို လေးစားဂုဏ်ပြုသောအားဖြင့် အားတီ၏ ပြိုင်ပွဲဝင် ဂျာစီအင်္ကျီ၌ မြန်မာနိုင်ငံအလံတံဆိပ် တပ်ဆင်ပေးရန် မေလအစောပိုင်းက စီမံဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မေ ၁၄ ရက် နေ့လယ်ပိုင်းတွင် အဆိုပါဂျာစီအား ကုမ္ပဏီပိုင်ရှင် စွန်းယုန်ချောင်းကိုယ်တိုင် အားတီကို ပေးအပ်ခဲ့သည်။

 

"ကျွန်တော်တို့ပြိုင်ပွဲကြီးကို အားပေးနေကြတဲ့အတွက် မြန်မာနိုင်ငံက ပရိသတ်တွေကို ကျေးဇူးအထူးပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ဒုတိယအနေနဲ့ ဒီပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ပေးတဲ့အတွက် ရန်ဆောက်ကြယ်(အားတီ)ကို ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အားပေးမှုတွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ အားတီရဲ့ ဂျာစီမှာ မြန်မာနိုင်ငံအလံ တပ်ဆင်ပေးခွင့်ရတာ ကျွန်တော်တို့ဂုဏ်ယူလို့ မဆုံးပါဘူး။ အားတီလည်း ပျော်ရွှင်ဂုဏ်ယူနေမယ် ထင်ပါတယ်။ ဒီပြိုင်ပွဲမှာ အားတီ ချန်ပီယံ ဖြစ်ပါစေလို့လည်း ကျွန်တော် ဆုတောင်းပေးပါတယ်"ဟု အားတီအား ဂျာစီအင်္ကျီပေးအပ်ချိန်တွင် ကုမ္ပဏီပိုင်ရှင် စွန်းယုန်ချောင်းက ပြောကြားခဲ့သည်။

 

အားတီသည် မေ ၁၅ ရက် ဒေသစံတော်ချိန် နာရီ (မြန်မာစံတော်ချိန် ညနေ နာရီခွဲ)တွင် ၎င်း၏ ပဥ္စမမြောက်ပွဲအဖြစ် ယန်ဖန်းနှင့် ကစားရမည်ဖြစ်သည်။ ယန်ဖန်းသည် ကမ္ဘာ့ချန်ပီယံနှင့် မာစတာချန်ပီယံမြား ဆွတ်ခူးခဲ့ဖူးသူဖြစ်ပြီး ယခုပြိုင်ပွဲ၌ လေးပွဲကစားထားရာ နှစ်ပွဲနိုင် နှစ်ပွဲရှုံးထားသူဖြစ်သည်။ မေ ရက်က ၂၁ ပွဲ ၁၆ ပွဲဖြင့် အားတီ အနိုင်ရထားသော Zheng Yu Bo ကို ယန်ဖန်းရှုံးထားသည်။

 

အားတီသည် ယန်ဖန်းနှင့် သုံးကြိမ်တွေ့ဆုံကစားခဲ့ဖူးပြီး တစ်ပွဲနိုင် နှစ်ပွဲရှုံးထားသည်။ ယခုပွဲ အနိုင်ရရှိပါက ဒုတိယအဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့် ပိုမိုသေချာမည်ဖြစ်၍ ယခုပွဲမှာ အလွန်အရေးကြီးကြောင်းနှင့် ပွဲကောင်းတစ်ပွဲ ဖြစ်လိမ့်မည်ဖြစ်ကြောင်း အားတီကပြောသည်။

 

အားတီသည် လေးပွဲကစား လေးပွဲစလုံး အနိုင်ရထားပြီး အမှတ်ပေးဇယား၏ အဆင့် နေရာ၌ ရပ်တည်နေပြီး ယန်ဖန်းက အဆင့် ရပ်တည်နေသည်။

 

အာကာစိုး