ဆီးရီးယားကြေးစားစစ်သားများ အသုံးပြုမှု လူ့အခွင့်အရေးအဖွဲ့ ပြစ်တင်ဝေဖန်

၂ ဇွန်

 

လစ်ဗျားပြည်တွင်းစစ်တွင် ဆယ်ကျော်သက် အရွယ်များနှင့် ကလေးများ အပါအဝင် ဆီးရီးယားကြေးစား စစ်သားများ အသုံးပြုမှုကို လူ့အခွင့်အရေးအဖွဲ့ က ပြစ်တင်ဝေဖန် ရှုတ်ချလိုက်သည်။

 

တူရကီတို့က တိုက်ပွဲဝင်ရန် ဆီးရီးယားစစ်သား ၁၁၆၀ဝ ကို လစ်ဗျားနိုင်ငံရှိ ယာယီအစိုးရအတွက် ပေးပို့ခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ လေ့လာစောင့်ကြည့်ရေး အဖွဲ့က ယမန်နေ့က ပြောကြားသည်။ အသက် ၁၈ နှစ်အောက်အရွယ် ၂၀ ဦး အပါအဝင် ၃၅၁ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

 

တူရကီတို့က ထရီပိုလီ အခြေစိုက် ယာယီအစိုးရကို ထောက်ခံသည်။

 

ဆီးရီးယားကြေးစားစစ်သားများသည် တစ်လလျှင် ဒေါ်လာ ၂၀ဝ၀ ခန့် ကမ်းလှမ်းခြင်းဖြင့် မက်လုံးပေးခံခဲ့ရသည်ဟု ၎င်းလူ့အခွင့်အရေးအဖွဲ့က ဆိုသည်။

 

နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် နှစ်ပေါင်းများစွာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီးနောက် ဆင်းရဲနွမ်းပါးမှုဖြင့် ရုန်းကန်နေရသော ဆီးရီးယား ပြည်သူများအပေါ် အမြတ်ထုတ်မှုကို ရပ်တန့်ရမည်ဖြစ်ကြောင်း ယင်းအဖွဲ့က ပြောကြားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို