ဆီမီးခုံမြို့အနီးရှိ ဧရာဝတီမြစ်အတွင်း ငါးမျိုးကောင်ရေ ၁၂၁ သိန်း စိုက်ထည့်

မြင်းခြံ  ၁၈   စက်တင်ဘာ 


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှမြင်းခြံမြို့ခရိုင်၊ ဆီမီးခုံမြို့ အနီးရှိ ဧရာဝတီမြစ်အတွင်း ငါးမျိုးများ စိုက်ထည့်ခြင်းအား စက်တင်ဘာလ (၁၈) ရက်၊ နံနက်  (၈:ဝ၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ငါးမျိုးစိုက်ထည့်ခြင်းကို မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းစိုးလင်း၊ အမျိုးသမီး  ကော်မတီနာယက ဒေါ်သီတာဝင်း၊ ဥက္ကဌဒေါ်တင်အောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရေလုပ်ငန်းလုပ်ကိုင်ကြသော အင်းသားကြီးများ၊ ဆီမီးခုံမြို့အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ ဆီမီးခုံမြို့နေပြည်သူများမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမြစ်ချင်းကောင်ရေ ၁၀ဝ၀ဝ၀ ၊ ငါးခုံးမကြီးကောင်ရေ သိန်း (၁၂၀) စုစုပေါင်းကောင်ရေ တစ်ရာနှစ်ဆယ်တစ်သိန်းအား စိုက်ထည့်ပေးခဲ့ကြသည်။


မြင်းခြံခရိုင် ငါးလုပ်ငန်းဦးစီးဌာနသည် သဘာဝ မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေပြင်များတွင် ငါးမျိုးမပြုန်းတီးစေရေး၊ ငါးမျိုးပြန့်ပွားလာစေရေး၊ ငါးထုတ်လုပ်မှုတိုးတက်လာစေခြင်းဖြင့် ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ငါးစားသုံးမှုမြင့်မားလာစေရေးတို့ကို ရည်မှန်းချက်ထား၍ ငါးမျိုးများ စိုက်ထည့်ခဲ့ကြောင်း သိရှိရသည်။


ဦးဇော်မင်းနိုင် (မြင်းခြံ)