ဆီးဂိမ်းပြိုင်ပွဲအကြို မြန်မာနှင့် တရုတ်တိုင်ပေ အမျိုးသမီးအသင်း ခြေစမ်းမည်

ရန်ကုန် ၁၉ နိုဝင်ဘာ

၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၂၀ ရက်တွင် တရုတ်တိုင်ပေ အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းခြေစမ်းပွဲကို နိုဝင်ဘာ ၂၀ ရက် ညနေ နာရီတွင် ရန်ကုန်မြို့ရှိ ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပမည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် အပြီးသတ်ပြင်ဆင်မှုများပြုလုပ်ရန် တရုတ်တိုင်ပေအသင်းနှင့် ခြေစမ်းကစားခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ယခုလအတွင်း နိုင်ငံတကာခြေစမ်းပွဲကစားကာ ပြင်ဆင်လျက်ရှိပြီး နိုဝင်ဘာ ရက်မှ ၁၄ ရက်အထိ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ သွားရောက်လေ့ကျင့်ကာ ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် တရုတ်ခြေစမ်းခရီးစဉ်အပြီးတွင် အပြီးသတ်ကစားသမား ၂၀ ရွေးချယ်ခဲ့ပြီး တရုတ်တိုင်ပေနှင့်ပွဲကို ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် အပြီးသတ်လူစာရင်းဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် စက်တင်ဘာလလယ်တွင် စတင်လေ့ကျင့်ခဲ့ပြီး အောက်တိုဘာလကုန်အထိ ပြည်တွင်းခြေစမ်းပွဲများ ဆက်တိုက်ကစားခဲ့ကာ နိုဝင်ဘာတွင် နိုင်ငံတကာခြေစမ်းပွဲများ ကစားနေခြင်းဖြစ်သည်။ တရုတ်ခရီးစဉ်တွင် တရုတ်ကလပ် ကျန်းဆုဆန်နင်းအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ပြီး တရုတ်လူငယ်အသင်းနှင့် ခြေစမ်းပွဲတွင်မူ ပထမပွဲ၌ လေးဂိုး-ဂိုးမရှိ၊ ဒုတိယပွဲ၌ တစ်ဂိုး-ဂိုးမရှိတို့ဖြင့် နှစ်ပွဲစလုံး အနိုင်ရခဲ့သည်။

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က) တွင် ဖိလစ်ပိုင်၊ မလေးရှားတို့နှင့် ပါဝင်နေသည်။ ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့်  မြန်မာအမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ- ဦးတင်မြင့်အောင်၊ နည်းပြချုပ်- ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ- ဦးခင်မောင်ထွေး၊ ဒေါ်သန်းသန်းထွေး၊ ဒေါ်မာလာဝင်း၊ ဂိုးနည်းပြ- ဦးမြကိုမင်း၊ အားကစားသမားများအဖြစ် ဂိုး- မြဖူးငုံ၊ မေဇင်နွယ်၊ နောက်တန်း- ဖြူဖြူဝင်း၊ ခိုင်သဇင်၊ ချစ်ချစ်၊ ခင်သန်းဝေ၊ ဝေဝေအောင်၊ အေးအေးမိုး၊ အိရတနာဖြိုး၊ အလယ်တန်း- ခင်မိုးဝေ၊ ငယ်ငယ်ထွေး၊ ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ နုနု၊ မြတ်နိုးခင်၊ ရှေ့တန်း- ဂျူလိုင်ကျော်၊ ဝင်းသိဂီထွန်း၊ စန်းသော်သော်နှင့် ရီရီဦးတို့ ပါဝင်ကြသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်

 

်၄၄