ဆွီဒင်တွင် သိပ္ပံပညာရှင် ဟွန်ဂျို နိုဗယ်ဆု လက်ခံရရှိ

ဂျပန်မော်လီကျူးဆိုင်ရာရောဂါပြီး ပညာရှင် တာဆူကူ ဟွန်ဂျိုသည် သက်ရှိသဘာ၀ဆိုင်ရာ (သို့မဟုတ်) ဆေးပညာဆိုင်ရာ နိုဗယ်ဆုကို ကင်ဆာရောဂါကုထုံးကို လုပ်ဆောင်ခဲ့သည့်  အမေရိကန် သိပ္ပံပညာရှင် ဂျိမ်းစ် အယ်လီဆွန် နှင့်အတူ ယခုနှစ်တွင် ပူးတွဲလက်ခံရရှိခဲ့သည်။

အဆိုပါ သိပ္ပံပညာရှင်နှစ်ဦး နှင့် အခြားသော နိုဗယ်ဆုရှင်များသည် ဆွီဒင်နိုင်ငံ စတော့ဟုမ်း မြို့တော်ရှိ ဖျော်ဖြေပွဲခန်းမ၌ ကျင်းပသော အခမ်းအနားသို့ ယမန်နေ့က တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟွန်ဂျိုသည် ဆွီဒင်ဘုရင် ၁၆ ယောက်မြောက် ကားလ် ဂူဆပ် မှ ဒီပလိုမာ နှင့် ဆုတံဆိပ် လက်ခံရရှိခဲ့ကြောင်းနှင့် နိုဗယ်ဆုကို ရရှိခဲ့သည့် ၂၆ ဦးမြောက် ဂျပန်လူမျိုး ဖြစ်ပြီး အမေရိကန်နိုင်ငံသား ဖြစ်လာခဲ့သည့် ဂျပန်နိုင်ငံဖွားသိပ္ပံပညာရှင် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဟွန်ဂျိုသည် သက်ရှိသဘာ၀ဆိုင်ရာ (သို့မဟုတ်) ဆေးပညာဆိုင်ရာ နိုဗယ်ဆုရရှိခဲ့သည့် ၅ ဦးမြောက် ဂျပန်နိုင်ငံသား ဖြစ်သည်။

ကိုးကား အန်အိတ်ချ်ကေ

ဘာသာပြန် မြင့်မြင့်ချို