ဆီဆိုင်မြို့နယ်အတွင်း မြန်မာ့မီးရထားမှ အသုံးပြုမည့်မြေ (၄ဝ.ဝ၄)ဧကအနက် တောင်သူ(၂)ဦး၏ မြေဧရိယာ (၂၉.၁၉)ဧက အား မြေယာလျော်ကြေးပေးအပ်

တောင်ကြီး ၂ဝ ဩဂုတ်

 

ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စုအတွင်းရှိ ဘန်းယဉ်ဘူတာမြေ (၇၁.၅)ဧက အတွင်း မြန်မာ့မီးရထားမှ အသုံးပြုမည့်မြေ (၄ဝ.ဝ၄)ဧကအနက် တောင်သူ (၂)ဦး၏ မြေဧရိယာ (၂၉.၁၉)ဧက အား မြေယာလျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ဩဂုတ်လ(၂ဝ)ရက် နံနက် (၉)ခွဲ အချိန်က တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

တောင်ကြီးခရိုင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ က ဘန်းယဉ်ဘူတာအနေနှင့် မြန်မာ့မီးရထားက အသုံးပြုသည့် မြေဧက(၄ဝ)အနက် တောင်သူ(၂)ဦး၏ မြေဧက(၂၉)ဧကအတွက် တစ်ဧကကို ကျပ်(၇)သိန်းနှုန်းဖြင့် ပေးအပ်တာဖြစ်ကြောင်း၊ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်၏ တွက်ချက်တင်ပြချက်အရ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကလည်း အတည်ပြုသွားသည့်အတွက် ယခုလို မြေယာလျော်ကြေး ပေးအပ်တာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

တောင်ကြီး - ဆိုက်ခေါင် ရထားလမ်းပိုင်း၊ တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ် ပါလောပါကယ် ကျေးရွာအုပ်စုအတွင်းရှိ စီမံကိန်းကာလက သိမ်းယူခဲ့သော ဘန်းယဉ်ဘူတာမြေ (၇၁.ဝ၅)ဧကမှ (၄ဝ.ဝ၄)ဧကကို မြန်မာ့မီးရထားဌာနက အသုံးပြုမည်ဖြစ်ကြောင်း၊ ကျန်မြေ(၃၁.ဝ၁)ဧကအား ပြန်လည်စွန့်လွှတ်ပြီး နိုင်ငံတော်သို့ ပြန်လည်အပ်နှံသွားမည်ဖြစ်ကြောင်း တိုင်းအမှတ်(၄)၊ ကလောမြို့၊ လက်ထောက်အထွေထွေမန်နေဂျာ ဦးစန်းလွန် က ပြောပါသည်။

 

မြန်မာ့မီးရထားက အသုံးပြုမည့်မြေ (၄ဝ.ဝ၄)ဧကတွင် တောင်သူ(၂)ဦး၏ မြေဧက(၂၉.၁၉) အတွက် မြေတစ်ဧကလျှင် ကျပ်(၇)သိန်းနှုန်းဖြင့် လျှော်ကြေးငွေပေးချေနိုင်ရေး ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊ ရှမ်းပြည်နယ်မှ (၁၂.၉.၂ဝ၂ဝ)ရက်စွဲပါ စာအမှတ်-၂၁၂၊ ၅/လယ/၂ဝ၁၉ဖြင့် အတည်ပြုပေးခဲ့ပြီး မူလပိုင်ရှင်ရှိသောမြေ (၂၉.၁၉) ဧက အတွက် မြန်မာ့မီးရထားရုံးချုပ်မှ ဘဏ္ဍာငွေ ကျပ်သန်း (၂ဝ.၄၃၃)အား တာဝန်ရှိသူများက တောင်သူ(၂)ဦးထံ မြေယာလျှော်ကြေး ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး တောင်သူ(၂)ဦးမှ ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

#MRTV