ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာတွင် တစ်ဖက်ပိတ်ဆည်တည်ဆောက်ရန်အတွက် မြေနေရာ ကွင်းဆင်း ကြည့်ရှု

ဆီဆိုင် ၂၄  စက်တင်ဘာ

 

ဒေသခံ စိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးရေအလုံအလောက်ရရှိစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ရေဖြူကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် တစ်ဖက်ပိတ်ဆည်တည်ဆောက်ရန် မြေနေရာကို စက်တင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခန့်က မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ရဲထွန်း၊ နောင်ကျောကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးခွန်သက်စိုးဦးနှင့် ဒေသခံပြည်သူများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

mdn

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ရေဖြူကျေးရွာရှိ အိမ်ခြေ(၃၂၀)စု၊ လူဦးရေ(၁၇၂၅)ဦးခန့်အတွက် စိုက်ပျိုးရေလုံလောက်စွာ အသုံးပြုနိုင်ရန် အတွက် အလျားပေ ၆၀ဝ၊ ကန်ဘောင်အနံ ၁၇ ပေ၊ အမြင့် ၁၂ ပေခွဲ၊ ရေထုတ်မြောင်း ၁၃ ပေ၊ လယ်ယာမြေဧက ၅၀ ခန့်အကျိုးပြုသည့် တစ်ဖက်ပိတ်ဆည် တည်ဆောက်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)