ဆီဆိုင်-မဘိမ်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်   ၂  မတ်


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၁ ရက် မွန်းလွဲ ၂ နာရီတွင် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာရှိ တိုက်နယ် ဆေးရုံအနီး ကားလမ်းတွင် သန်းထွန်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကို သိမ်းဆည်းရမိသည်။ 


အလားတူယင်းနေ့နံနက် ၁၁ နာရီခန့်က တပ်မတော်မှ မဘိမ်းမြို့နယ်၊ မအူကုန်းကျေးရွာ အုပ်စု၊ အလယ်ရွာကျေးရွာအနီး တောလမ်းဘေးတွင် တွေ့ရှိသူ အိုက်မောင် အားရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၉,၅၀၀၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ရဲပြန်ကြား