ဆီဆိုင်၊ လွိုင်လင်နှင့် ပင်လောင်းမြို့နယ်တို့တွင် ဘိန်းစိုက်ခင်းများ တွေ့ရှိဖျက်ဆီး

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ ပချားကလို့ကျေးရွာ အရှေ့မြောက်ဘက် (၁)မိုင်ခန့်အကွာ၌ ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီက  အမြင့် (၁)ပေခွဲခန့်ရှိ ဘိန်းစိုက်ခင်း (၁၅)ဧကခန့်အား ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန် ဦးစီးသည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က တွေ့ရှိဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

 

အလားတူ လွိုင်လင်မြို့နယ်၊ တောင်ဟီးကျေးရွာအနီး၌ ဘိန်းစိုက်ခင်း (၃)ဧကခန့်အား လည်းကောင်း၊ ပင်လောင်းမြို့နယ်၊ တင်းထက်ကျေးရွာအနီး၌ ဘိန်းစိုက်ခင်း (၂၃)ဧကခန့်အား လည်းကောင်း ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က တွေ့ရှိဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

 

(ရဲပြန်ကြား)