ဆီဘောက်ဆာယာဉ် ဖြတ်သန်းမောင်းနှင်နေစဉ် တံတားကျိုးကျ၍ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

နေပြည်တော် ၃၀ မေ

 

ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ကလေးဝ-မော်လိုက်ကားလမ်း မိုင်တိုင်အမှတ် (၁၇/၀)နှင့် (၁၇/၁)ကြားရှိ လိပ်ပုတ်ချောင်းတံတား တံတားအမှတ် (၅/၂၈)တွင် NISSAN အမျိုးအစား (အဖြူရောင်) ဆီဘောက်ဆာယာဉ် ဖြတ်သန်းမောင်းနှင်နေစဉ် တံတားကျိုးကျ၍ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

ယောစုနယ်မြေမီးသတ်စခန်းမှ တိမ်းမှောက်သည့် ဆီဘောက်ဆာယာဉ်အား မီးလောင်မှု မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရှိသဖြင့် မြတ်ဒါနလူမှုကူညီရေးအသင်းယာဉ်ဖြင့် ကလေးဝပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

 

MDN