ဆေးဝါးတက္ကသိုလ် (ရန်ကုန်) ဘွဲ့ကြိုကျောင်းသားကျောင်းသူများအတွက် ပညာသင်ထူးချွန်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်

ရန်ကုန်  ၆  စက်တင်ဘာ 

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဆေးဝါးတက္ကသိုလ် (ရန်ကုန်)တွင် ပညာသင်ကြားလျှက်ရှိသည့် ဘွဲ့ကြိုကျောင်းသားကျောင်းသူများအတွက် ပညာသင်ထူးချွန်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို သြဂုတ် (၂၈) ရက်နံနက်က အဆိုပါတက္ကသိုလ်တွင်ကျင်းပသည်။

 

အဆိုပါအခမ်းအနားတွင် ကိုးရီးယားသမ္မတနိုင်ငံ Suseok Cultural Foundation ၏ Bacchus Scholarship Programme အစီအစဉ်အရဆေးဝါးတက္ကသိုလ် (ရန်ကုန်)တွင် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျှက်ရှိသည့် ပထမနှစ်မှစတုတ္ထနှစ်အထိ ကျောင်းသားကျောင်းသူများထဲမှ ပညာသင်ထူးချွန်ဆုရရှ်သူ (၈)ဦးနှင့် ပညာသင်ထောက်ပံ့ကြေးရရှိသူ (၈)ဦးတို့ကို CEO & President of Dong - A Socio Holdings မှ Mr.Han Jong Hyeon က တစ်ဦးလျှင်အမေရိကန်ဒေါ်လာ ( ၅၀ဝ ) စီပေးအပ်ချီးမြှင့်သည်။

 

အဆိုပါပညာသင်ဆုကို ၂၀၁၄ - ၂၀၁၅ ခုနှစ်မှစတင်ပြီးစာသင်နှစ် ( ၁ ) နှစ်လျှင်ကျောင်းသားကျောင်းသူ ( ၈ ) ဦးကိုသာပေးအပ်ခဲ့ရာမှ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင်ပညာသင်ထူးချွန်ဆုနှင့်အတူပညာသင်ထောက်ပံ့ကြေးဆုကိုပါ ပေးအပ်ခြင်းဖြစ်သည် ဆေးဝါးတက္ကသိုလ် ( ရန်ကုန် ) ကို ၁၉၉၂ ခုနှစ်တွင်စတင်ဖွင့်လှစ်ပြီး ၂၀၁၆ - ၂၀၁၇ ခုနှစ်အထိ ဘွဲ့ရရှိသူ ( ၂၃၅၃ ) ဦးရှိကြောင်း သိရှိရသည်။

 

ဖြိုးသူရကျော်