ဆေးဝါးကျွမ်းကျင်သူများ သမဝါယမအသင်း လီမိတက်မှ ဆေးဝါးများ ထုတ်လုပ်ရောင်းချပေးလျက်ရှိ

ရန်ကုန် ၃၁ ဩဂုတ်

 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ဆေးဝါးကျွမ်းကျင်သူများ သမဝါယမအသင်း လီမိတက်သည် ကိုဗစ်-၁၉ ကာလအတွင်း အများပြည်သူများလိုအပ်လျက်ရှိသော ဆေးဝါးများ ထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ချိရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

mdn

 

ထိုသို့ ထုတ်လုပ်ရောင်းချပေးရာတွင် အရက်ပျံ၊ Germitol (ဂျာမီတော) အဆင့်မြင့် ကြမ်းတိုက်ဆေးရည်၊ Lervinol (လာဗီနော) ရေမွှေးနံ့ ပိုးသန့်စင်ဆေးရည်များကို FDA ထောက်ခံချက်အမှတ်၊ 9912-PL-0016 (96) ဖြင့် ထုတ်လုပ်၍ ဓါတုကုန်ကြမ်းဆိုင်များ၊ ပုဂ္ဂလိကဆေးဆိုင်များ၊ အစိုးရဆေးရုံများ၊ ပုဂ္ဂလိက ဆေးရုံများနှင့် နယ်မြို့များသို့ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်သည်။

 

သတင်းစဉ်