ဆေးဝါးအဖြစ် ဆေးခြောက်စိုက်ပျိုးခွင့်ကို ထိုင်းလယ်သမားတွေ ရရှိ

၂၇ ဒီဇင်ဘာ
 

ထိုင်းလယ်သမားတွေဟာ ဆေးဝါးအဖြစ် ဆေးခြောက်စိုက်ပျိုး ပိုင်ခွင့်ဥပဒေကို ဒီဇင်ဘာ ၂၆ ရက်နေ့ ထိုင်းအစိုးရက ခွင့်ပြုခဲ့ရာ လယ်သမားတွေက အဲဒီဥပဒေကို ကြိုဆိုလိုက်ပါတယ်။ 
 

 ထိုင်းနိုင်ငံဟာ ဆေးခြာက်ကို ဆေးဝါးအဖြစ် စိုက်ပျိုးခွင့်ရတဲ့ ပထမဦးဆုံး အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံ ဖြစ်လာပါတယ်။ 
 

ဆေးခြောက်နှင့် တိုင်းရင်းဆေးတစ်မျိုးဖြစ်တဲ့ ကရက်တွန် ကို သုတေသနနဲ့ ဆေးဝါးအဖြစ် သုံးစွဲခွင့်ကို ခွင့်ပြုတဲ့ဥပဒေကိုလည်း ပြီးခဲ့တဲ့ အင်္ဂါနေ့က (ဒီဇင်ဘာ ၂၅ရက်) ခွင့်ပြုခဲ့ကြောင်းသိရပါတယ်။ ဒီလိုဥပဒေပြဌာန်းလာခြင်းဟာ ဆေးခြောက်ကို ထုတ်လုပ်ခွင့်၊ နိုင်ငံ့ပြင်ပပို့ခွင့်နှင့် နိုင်ငံတွင်းသို့ တင်ပို့ပါ ခွင့်ပြုလာနိုင်ဖွယ်ရှိနေပါတယ်။

 

 


 
အခုပြဌာန်းလိုက်တဲ့ဥပဒေမှာ တကိုယ်ရေ သယ်ယူခွင့် ပမာဏကို ကန့်သတ်ထားတဲ့ အရာတွေ ပါရှိနေပါတယ်။ 
 
ထိုင်းအမျိုးသားလယ်သမားကောင်စီက ပြဌာန်းလိုက်တဲ့ဥပဒေကို ကြိုဆိုလိုက်ပြီး ဒီခွင့်ပြုမိန့်ဟာ လယ်သမားတွေအတွက် စီးပွားဖြစ်နိုင်တဲ့ နောက်ထပ် သီးနှံတစ်မျိုးဖြစ်တယ်။ မပြုမပြင်ရသေးတဲ့ ဆေးခြောက်နှင့် ဆေးခြောက်အဆီထုတ်လုပ်ခြင်းကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၃.ဝ၇ ဘီလီယံလောက် ဝင်ငွေရှိနိုင်တယ်လို့ ထိုင်းအမျိုးသားလယ်သမားကောင်စီ ဥက္ကဌက သတင်းဌာနတွေကို ပြောကြားပါတယ်။ 
 
၁၉၇၀ ပြည့်နှစ်များမတိုင်မီက ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်း၊ ရောင်းချနိုင်ခြင်း နှင့် ပိုင်ဆိုင်နိုင်ခွင့်တွေ ရရှိခဲ့ဖူးပါတယ်။ 
 
အခုဆိုရင် ဆေးခြောက်ကို ဆေးဝါးအဖြစ် ကနေဒါ၊ သြစတြေးလျ၊ အစ္စရေး နှင့် အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တစ်ဝက်ကျော်မှာ သုံးစွဲခွင့် ပြုထားပါတယ်။ 
 
သက္ကရစ် ၂၀၂၅ ခုနှစ် အရောက် ကမ္ဘာ့ဈေးကွက်မှာ  ဆေးခြောက်ကို ဆေးဝါးအဖြစ်အသုံးပြုမယ့် ငွေကြေးတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅၅.၈ ဘီလီယံလောက်အထိရှိ လာနိုင်ကြောင်း အမေရိကန်အခြေစိုက် ဂရန်းဗျူး (Grand View) သုတေသနဌာနက ခန့်မှန်းထားပါတယ်။ 
 
MDN
ကိုးကား-AFP