ဆောင်းရာသီသီးနှံ စိုက်ပျိုးစရိတ်အတွက် ချေးငွေကျပ်သိန်းသုံးထောင်ကို အချိန်မီ ထုတ်ချေးပေးလျက်ရှိ

ပင်းတယ ၄ နိုဝင်ဘာ  

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျေးရွာများမှ စိုက်ပျိုးသူတောင်သူများအား ၂၀၁၉ ခုနှစ်အတွက် ဆောင်းရာသီသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အောက်တိုဘာ နောက်ဆုံးပတ်မှ စတင်၍ ထုတ်ချေး ပေးလျက်ရှိကြောင်းသိ ရသည်။

 

ယခုနှစ်တွင် ဆောင်းရာသီသီးနှံ စိုက်ပျိုးစရိတ်များအဖြစ် ကျေးရွာအုပ်စု ၁၃ စုအတွက် တောင်သူ ၅၈၄ ဦး၊ နေကြာစိုက်ဧက ၃၀ ဧက၊ ပန်းနှမ်း ၂၉၇၀ ဧက စုစုပေါင်း ဧကသုံးထောင်အတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်းသုံးထောင်ကို စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရပြီး ကြက်သွန်နှင့် ငရုတ်စိုက်ဧကများအတွက်လည်း စီမံကိန်း စိုက်ဧကများအဖြစ် တင်ပြလာပါက စိုက်ပျိုးစရိတ်များ ဆက်လက် ထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

 

ခင်မျိုးနွယ်(ပင်းတယ)