ဆောင်းဟေကိုနဲ့ ဂျန်ကီယောင်းတို့ရဲ့ ဇာတ်လမ်းတွဲရုပ်ရှင်မှာ ပါဝင်ထားတဲ့ ဆယ်ဟွန်း

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့ EXO ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆယ်ဟွန်း ဟာ မင်းသမီး ဆောင်းဟေကိုနဲ့ မင်းသား ဂျန်ကီယောင်းတို့ ခေါင်းဆောင်ပါဝင်ထားတဲ့ ဇာတ်လမ်းတွဲ ရုပ်ရှင် Now We Are Breaking Up! မှာ ပါဝင်သရုပ်ဆောင်ထားပြီး အဆိုပါ ဇာတ်လမ်းတွဲမှ သူ့ရဲ့ ပုံရိပ် တွေကို လတ်တလောမှာ ထုတ်ဖော်ပြသခဲ့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲမှာ ဆယ်ဟွန်းဟာ ဖက်ရှင်ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းသစ်တစ်ဦးအဖြစ် ပါဝင် သရုပ်ဆောင်ထားတာပါ။ လတ်တလော ထုတ်ဖော်ပြသခဲ့တဲ့ ဓာတ်ပုံတွေမှာတော့ ဆယ်ဟွန်းကို ခေတ်မီပြီး စတိုင်ကျတဲ့ လူငယ်တစ်ဦးအဖြစ် တွေ့မြင်ရပါတယ်။

အဆိုပါဇာတ်လမ်းတွဲမှာ ဆောင်းဟေကိုဟာ ဒီဇိုင်းအဖွဲ့ခေါင်းဆောင် ဟာယောင်အုန်း အဖြစ် ပါဝင်ထားပြီး ဂျန်ကီယောင်းကတော့ အလွတ်တန်း ဓာတ်ပုံသမားတစ်ဦးအဖြစ် သရုပ်ဆောင်ထား ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ လမ်းခွဲခြင်းတွေနဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို တွေ့မြင်ရမှာဖြစ်ပြီး ယင်းဇာတ်လမ်းတွဲကို လာမယ့် နိုဝင်ဘာ ၁၂ ရက်မှာ စတင်ထုတ်လွှင့်မှာဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်