ဆောမြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီများတွင် ကုသိုလ်ပြုလုပ်သူများဖြင့် စည်ကား

ဆော   ၁၅    အောက်တိုဘာ

 

 

ဝါလကင်းလွတ် သီတင်းကျွတ်သည် မြန်မာတို့၏ ယဉ်ကျေးမှုတွင် အထင်ကရဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော် မီးထွန်းပွဲတော်ကြီး၌ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ရပ်ကွက်၊ ကျေးရွာများမှ လူငယ်မောင်မယ်များက အောက်တိုဘာ ၁၄ ရက်၊ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့တွင် ဆောမြို့ သီရိဉတ္တရာ ရာမဘုန်းတော်ကြီးကျောင်းနှင့် ဒက္ခိဏာရာမ ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သံဃာတော် အရှင်သူမြတ်တို့အား အလှူငွေများ၊ ဝတ္ထုပစ္စည်းများ ပူဇော်ကန့်တော့ခြင်းနှင့် ညဦးပိုင်းတွင် ဘုရားစေတီ အသီးသီး၌ ဆီမီးထွန်းညှိပူဇော်ကြကာ ဘုရားဖူးလာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

 

ဇော်မျိုးသန့်(ပြန်/ဆက်)