ဆောမြို့နယ်၌ Quarantine ဝင်ရောက်နေသူ မဲဆန္ဒရှင်များ  ကြိုတင်ဆန္ဒမဲပေး

ဆော   ၆   နိုင်ဝင်ဘာ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊  ဆောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Quarantine ဝင်ရောက်နေသူ မဲဆန္ဒရှင်များမှ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း ကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောမြို့ မိုးကုတ်ရိပ်သာ (Quarantine Centre) တွင် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့သည်။

 

အဆိုပါ ကြိုတင်ဆန္ဒမဲပေးရာတွင် ဆောမြို့ မိုးကုတ်ရိပ်သာ (Quarantine Centre) တွင် Quarantine ဝင်ရောက်နေသူ ၂၃ ဦးက မဲဆန္ဒရှင်စာရင်းပါဝင်သည့် ရပ်ကွက်/ကျေးရွာများအလိုက် မိမိတို့၏ သဘောဆန္ဒအတိုင်း ကြိုတင်ဆန္ဒမဲများကိုပေးကြရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ၊ Quarantine Centre မှ တာဝန်ရှိသူများက မဲပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)