ဆောမြို့၌ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်

ဆော ၁၂ ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် မဟာသင်္ကြန်ရုံးပိတ်ရက်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်မှထောက်ပံ့သော စားသောက်ကုန်(၅)မျိုးကို ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ သီရိရပ်ကွက်ရှိ အိမ်ထောင်စု (၁၄၇)စုကို အခြေခံစားသောက်ကုန်(၅)မျိုးဖြစ်သည့် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာတို့ကို အခြေခံ လူတန်းစားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ပြီးဖြစ်သည်။

 

အလားတူ ဆောမြို့ ဇေယျာရပ်ကွက်ရှိ အိမ်ထောင်စု(၁၁၀)စုကို ယနေ့ ညနေ(၃)နာရီတွင် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ဆော)