ဆောမြို့ ပြည်လုံးချမ်းသာ မြို့နာမ်ဘုရားကြီးတွင် ဆီမီးတစ်ထောင်  ထွန်းညှိပူဇော်သူများဖြင့် စည်ကား

ဆော  ၁၃  အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ ဆောမြို့ သီရိရပ်ကွက် သီရိဉတ္တရာ ရာမကျောင်းတိုက်အနီးရှိ ပြည်လုံးချမ်းသာ မြို့နာမ်ဘုရားကြီးတွင် ယမန်နေ့ ညပိုင်းက ဆီမီးထွန်းညှိ ပူဇော်သူများ၊ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

 

1

 

ထိုသို့ လှူဒါန်းပူဇော်ရာတွင် လူမှုရေးအသင်းအဖွဲ့ဖြစ်သည့် ဆောမြို့ ကမ်းမည့်လက် လူငယ်များ အဖွဲ့မှ ဦးဆောင်ကာ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများမှ ပြည်လုံးချမ်းသာ မြို့နာမ် ဘုရားကြီးနှင့် အရံစေတီတော်တို့တွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခဲ့ကြပြီး အဓိဋ္ဌာန် ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကာ ဘုရားဖူးလာသူများဖြင့် စည်ကားလျက်ရှိခဲ့သည်။

 

ဇော်မျိုးသန့်(ပြန်/ဆက်)