ဆားလင်းကြီးမြို့နယ်  မတောင့်တ  တိုက်နယ်ဆေးရုံ၌  ယောက်ျားလေးသုံးမြွှာပူး မွေးဖွား

ဆားလင်းကြီး ၂၈ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး  ယင်းမာပင်ခရိုင်  ဆားလင်းကြီးမြို့နယ် မတောင့်တ တိုက်နယ်ဆေးရုံ၌ ဧပြီ ၂၇  ရက် နေ့လယ်ပိုင်းက  ယောက်ျားလေး  ကလေးသုံးမြွှာပူး အောင်မြင်စွာ မွေးဖွားခဲ့ကြောင်း သိရသည်။

 

အဆိုပါကလေးငယ် သုံးဦးကို ယင်းမာပင်မြို့နယ် မြင်သာကုန်းကျေးရွှာက ဖခင် ကိုထွန်းနိုင်နှင့် မိခင် မတိုးတိုးဝေ အသက် ၂၁ နှစ်တို့က မွေးဖွားခဲ့ပြီး တစ်ဦးလျှင် ၆ ပေါင်စီရှိကာ အမ်ထရာဆောင်း ရိုက်ခဲ့စဉ်က  ၂  မြွှာသာဖြစ်ကြောင်း၊ မွေးဖွားမှသာ  ၃  မြွှာပူးဖြစ်နေကြောင်း  ဒေါက်တာဇော်မျိုးနိုင်က ပြောဆိုသည်။

 

မိခင်ရော  ကလေးငယ်များပါ  ကျန်းမာကောင်းမွန်ရှိပြီး ၎င်း ကလေးငယ်သုံးမြွှာပူးအား ဒေါက်တာ ဇော်မျိုးနိုင်နှင့်အတူ  အကူသူနာပြု  ဆရာမ  ဒေါ်နွဲ့နွဲ့ခိုင်၊ ဒေါ်ထားထားစိုးနှင့် သားဖွားဆရာမများဖြစ်ကြသော  ဒေါ်ဌေးမြ  ဒေါ်နွယ်သဇင်စိုးတို့က  အောင်မြင်စွာ မွေးဖွားပေးခဲ့ကြကြောင်း သိရှိရသည်။

 

ဦငယ် (ဆားလင်းကြီး)