စေတုတ္တရာမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများပေးအပ်

စေတုတ္တရာ  ၂၇  ဇွန်

 

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ယခင်က အခြေခံစားသောက်ကုန် ပစ္စည်း(၅)မျိုး ထောက်ပံ့ပေးအပ်ရာတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများအတွက် ထောက်ပံ့ငွေများပေးအပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် စေတုတ္တရာမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၄၀၆)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ငွေကျပ်သိန်း ၆၀၉၀၀၀၀ အား တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်နှင့် တာဝန်ရှိသူများက အခြေခံလူတန်းစားများထံ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)