စေတုတ္တရာမြို့နယ်၌ C4M Mobile Application အသုံးပြုနည်းသင်တန်းဖွင့်

စေတုတ္တရာ၊  ၁၈  ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ် ဆရာ/ ဆရာမများအား စာသင်ကျောင်း တစ်ကျောင်းချင်းအလိုက် အချက်အလက်များဖြည့်သွင်းခြင်း ဆောင်ရွက်ရာတွင် C4M Mobile Application အသုံးပြုနည်းသင်တန်းကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက စေတုတ္တရာမြို့ အထကကျောင်းခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။

 

အဆိုပါ သင်တန်းတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းဇော်က C4M Mobile Application အား အသုံးပြု၍ ကျောင်းအချက်အလက်များ ဖြည့်သွင်းဆောင်ရွက်နိုင်ခြင်းကြောင့် လုပ်ငန်းတာဝန်များ ပိုမိုမြန်ဆန်လွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး တက်ရောက်လာကြသော ကျောင်းအုပ်ဆရာ/ဆရာမများအား C4M Mobile Application ဖြင့် ကျောင်းအချက်အလက်များ ဖြည့်သွင်းနည်း၊ ပြင်ဆင်နည်း၊ ဖောင်ဖြည့်နည်းများကို လက်တွေ့ပြသကာ သင်ကြားပို့ချပေးသည်။

 

အဆိုပါသင်တန်းသို့ စေတုတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ /ဆရာမ ၁၁၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)