စေတုတ္တရာမြို့နယ် မကြီးစုကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

စေတုတ္တရာ ၁၀  ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊မကြီးစုကျေးရွာတွင် ယမန်နေ့ ညနေ နာရီက  မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နေအိမ် သုံးလုံးမီးလောင်ဆုံးရှုံခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မကြီးစုကျေးရွာနေ ဒေါ်စန်းအေး၏ နေအိမ်ရှိ အင်ဗာတာမှ အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး မီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် သက္ကယ်မိုး၊ ဝါးကြမ်းခင်းနေအိမ် သုံးလုံးနှင့် ဆိုင်ကယ်နှစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ခင်သန်းလှိုင်(ပြန်/ဆက်)