စေတုတ္တရာမြို့နယ် မြေနီကုန်းကျေးရွာတွင် ဘုရားထီးတော်တင်ပွဲအခမ်းအနားကျင်းပ

စေတုတ္တရာ    ၂၃    နိုဝင်ဘာ    

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြေနီကုန်းကျေးရွာ ဘုရားထီးတော်တင်ပွဲ အခမ်းအနားကို ယနေ့နံက် ၈ နာရီအချိန်က အဆိုပါ ဘုရားတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

 

ေ

 

ရှေးဉီးစွာ အခမ်းအနားတွင် စေတီတော် ပထမအဆင့်ကို မြို့နယ်သံဃာ့နာယက ဆရာတော်များ ဖြစ်ကြသော ဆရာတော်ဉီးသီလာစရ၊ ဆရာတော်ဉီးဝိနယ၊ ဆရာတော် ဉီးကုမာရတို့က အမွှေးနံ့သာများ ပက်ဖျန်းကာ ဆည်းကပ်ပူဇော်ခဲ့ပြီး ဒုတိယအဆင့်ကို ဆရာတော် ဉီးသောသန၊ မြို့နယ်သာသနာရေးမှူး ဉီးအောင်မျိုးသန့်တို့က အမွှေးနံ့သာ ပက်ဖျန်းကာ ဆည်းကပ်ပူဇော်ခဲ့သည်။ ဆက်လက်၍ ဘုရားထီးတော် အလှူရှင်များ ဖြစ်ကြသော ဒေါ်အုန်းရင်တို့မိသားစုမှ ဘုရားစိန်ဖူးတော်အား ဆည်းကပ်ပူဇော် လှူဒါန်းကြသည်။ 

အဆိုပါကျေးရွာသည် အိမ်ထောင်စု(၃၀ဝ)နီးပါးရှိသော ကျေးရွာကြီးတစ်ရွာဖြစ်ပြီး ဘုရားပွဲကို သုံးရက်တိုင်ကျင်းပမည်ဖြစ်ကာ ကျန်ရက်များတွင် တရားပွဲများနှင့် ရွာလုံးကျွတ် ဆွမ်းလောင်းလှူပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

စည်သူလွင်(ပြန်/ဆက်)