စေတုတ္တရာမြို့နယ် ကျောက်ပုံကျေးရွာ လျှပ်စစ်မီးလင်းရေးနှင့် ရေရရှိရေးဖွင့်ပွဲအခမ်းအနား ကျင်းပ

စေတုတ္တရာ   ၇ မတ် 

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျောက်ပုံကျေးရွာအုပ်စု၊    ကျောက်ပုံကျေးရွာ  လျှပ်စစ်မီးလင်းရေး  ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ လျှပ်စစ်မီးလင်းရေးနှင့် ရေရရှိရေး ဖွင့်ပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်   ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ  ဦးတာ၊ တိုင်းဒေသကြီး  သယံဇာတ၊ သဘာ၀ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး   ဦးမြင့်ဇော်၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ  ဦးတာ က  အဖွင့်အမှာစကားပြောကြားပြီး  မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်  ဒေါက်တာအောင်မိုးညို က လမ်းညွှန်အမှာစကား ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး  သယံဇာတ၊ သဘာ၀ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး  ဦးမြင့်ဇော်က  လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု အခြေအနေများကို  ရှင်းလင်းတင်ပြသည်။

 

အဆိုပါ  လျှပ်စစ်မီးလင်းရေးနှင့် ရေရရှိရေးဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊           တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊     တိုင်းဒေသကြီး  သယံဇာတ၊ သဘာ၀ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၊   လွှတ်တော်ကိုယ်စားလှယ်များ၊  တိုင်းဒေသကြီးအဆင့်    ဌာနဆိုင်ရာ တာဝန်ရှိသူများ၊   မြို့နယ်အဆင့် ဌာနဆိုင်ရာ  တာဝန်ရှိသူများ၊   ကျေးရွာမီးလင်းရေး ကော်မတီဝင်များ၊ ကျေးရွာသူ ကျေးရွာသားများ  တက်ရောက်ခဲ့ကြကြောင်း  သိရသည်။

 

ကျောက်ပုံကျေးရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၁၀ သန်း၊ ကျေးရွာပြည်သူလူထုမှ ထည့်ဝင်ငွေကျပ် ၁၄ ဒသမ ၅ သန်း စုစုပေါင်းငွေကျပ် ၂၄ ဒသမ ၅သန်းဖြင့် အရှည်ပေ ၆၉၉၅ ရှိ ကျေးရွာအတွင်း ၄၀၀ ဗို့အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းအား  ဆောင်ရွက်ခဲ့ပြီး ရေရရှိရေးလုပ်ငန်းအတွက် ၄ လက်မ စက်ရေတွင်းတူးဖော်ခြင်းကို ပြင်သစ်နိုင်ငံသား MICHEL Family (French)မှ လှူဒါန်းခဲ့ကြောင်း သိရသည်။

သူရိန်(မင်းဘူး)