စောင့်ကြည့်စခန်းမှ ရက်မစေ့မီ ထွတ်ပြေးလာသူအား မြိုင်မြို့နယ်တရားရုံးမှ ထောင်ဒဏ်ချမှတ်

မြိုင်  ၆  မေ

 

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းသို့ လွယ်ဂျယ်စောင့်ကြည့်ရေးစခန်းမှ ရက်မစေ့မီ ထွက်ပြေးလာသူတစ်ဦးအား ထောင်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

 

၎င်းသည် ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်စောင့်ကြည့်ရေးစခန်းတွင် ကိုဗစ်-၁၉ ရောဂါသံသယဖြင့် စောင့်ကြည့်ခံထားရစဉ် ထွက်ပြေးလာပြီး မြိုင်မြို့နယ် အိုရင်းကျေးရွာသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ထွက်ပြေးလာသူအား အိုရင်းအုပ်စုအုပ်ချုပ်ရေးမှူး(အိုရင်းအုပ်စု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ) တရားလိုပြုလုပ်၍ မြိုင်မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ နေ့ချင်းပင် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဥပဒေ ပုဒ်မ-၁၈ ဖြင့် ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ကြောင်း ကိုဗစ်-၁၉ သတင်းပြန်ကြားရေး ဆပ်ကော်မတီ၊ မြိုင်မြို့မှ သိရသည်။

 

စိန်မြိုင် (မြိုင်)