စစ်တွေပြည်သူ့ဆေးရုံကြီးမှ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ဝ ဦးအား ဆေးရုံဆင်းခွင့်ပြု

စစ်တွေ  ၁၁ အောက်တိုဘာ

စစ်တွေမြို့ ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ကူသနေသူများထဲမှ  ရောဂါပျောက်ကင်းသူ ၁ဝ ဦးအား ယနေ့ မွန်းလွဲပိုင်းက ဆေးရုံမှဆင့်ခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရသူ ၁၀ ဦးမှာ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၆ ဦးဖြစ်ပြီး ၎င်းတို့သည် မိမိနေအိမ်၌ ၇ ရက် နေထိုင်ရမည်ဖြစ်ပြီး ဆေးရုံဆင်းခွင့်ရသူများအား ဆရာဝန်နှင့် သူနာပြုများက ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာကြရန်မှာကြားကာ ဆေးရုံဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။ 

စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှ စက်တင်ဘာ ၅ ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၉၂၁ ဦးအား ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး လက်ရှိတွင်  ဆေးကုသမှုခံယူနေသူ ၁၆၁ ဦးကျန်ရှိကြောင်း စစ်တွေဆေးရုံအုပ် ကြီးရုံးမှ သိရသည်။  

တင်ထွန်း(ပြန်/ဆက်)