စစ်တွေမြို့၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနား ကျင်းပ

စစ်တွေ  ၆  မတ် 

 

တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ  ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးပုန်ဘွေ က ယခုအခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဌာနမှ ရှင်းလင်း ပြောကြားသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအခွင့်အရေးနှင့်ပတ်သက်ပြီး ဥဒေများကိုလည်း တိုင်းရင်းသားများက ရှင်းရှင်းလင်းလင်းသိထားရန်လိုအပ်ပါကြောင်း၊ မသိရှိသည်များကိုလည်း ဝိုင်းဝန်းဆွေးနွေးပြီးပြန်လည်မေးမြန်းပေးကြစေလိုကြောင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်နှင့် ပတ်သက်ပြီး ရပ်ရွာများတွင် လိုအပ်ချက်များ အမျိုးမျိုးရှိပါကြောင်း၊ အဆိုပါ လိုအပ်ချက်များနှင့် အခွင့် အရေးများကို ဆွေးနွေးတင်ပြပြီး တင်ပြချက်ရှင်းလင်းချက်များကို မိမိတို့ ဒေသသို့ ပြန်လည် ရောက်ရှိကြသည့်အခါ ပြန်လည်ရှင်းလင်းဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ရခိုင်ပြည်နယ် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းဦးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်နည်းဥပဒေ၊ တိုင်းရင်းသား အခွင့် အရေးဆိုင်ရာတို့ကို ဟောပြောပြီး ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်တို့ကို ရှင်းလင်း ပြောကြား ကာ  လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ပြုံးက အမျိုးသမီး အခွင့်အရေး၊  မသန်စွမ်းသူများအခွင့်အရေး၊ လူငယ်ရေးရာ မူဝါဒ၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။

 

5

 

ယင်းနောက် တက်ရောက်လာကြသော တိုင်းရင်းသားများအား စစ်တမ်း မေးခွန်းလွှာများကို ရှင်းလင်းပြောကြားပြီး စစ်တမ်းကောက်ယူခြင်းကို ဆောင်ရွက်ကြသည်။

 

အဆိုပါအခမ်းအနားသို့   ပြည်နယ် အဆင့် ဌာနဆိုင်ရာများ၊ မြေပုံမြို့နယ်၊ မင်းပြားမြို့နယ်နှင့် စစ်တွေမြို့နယ်တို့မှ တိုင်းရင်းသားကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
                                                                   

တင်ထွန်း(ပြန်/ဆက်)