စစ်တွေလေဆိပ်၌ အထောက်အထား တစ်စုံတစ်ရာမရှိသူ (၁)ဦးကို ခေါ်ဆောင်လာသူများအား အရေးယူထား

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် စစ်တွေမြို့၊ စစ်တွေလေဆိပ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနကောင်တာ၌ MNA လေကြောင်းလိုင်းဖြင့် စစ်တွေမှ ရန်ကုန်သို့ လိုက်ပါမည့် ခရီးသည်များအား စစ်ဆေးနေစဉ် ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာနေ ဦးဝင်းနိုင်(၄၇)နှစ်နှင့်ဇနီး ဒေါ်ခင်မာရီ(၅၁)နှစ်တို့သည် သက္ကေပြင်ကျေးရွာနေ အဏ္ဏဝါရီဗြာဟိန်း(ခ) စိုးနိုင်(၁၂)နှစ်အား အထောက်အထား တစ်စုံတစ်ရာမပါဘဲ ရန်ကုန်မြို့ သို့ ကျပ်(၄)သိန်းဖြင့် ပို့ဆောင်ရန် ခေါ်ဆောင်လာကြောင်းသိရှိရသဖြင့် ဦးဝင်းနိုင်နှင့် ဒေါ်ခင်မာရီ တို့(၂)ဦးအား စစ်တွေမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထား ကြောင်းနှင့်  အဏ္ဏဝါရီဗြာဟိန်း(ခ)စိုးနိုင်အား ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူးဦးကျော်သန်းမှ စစ်တွေမြို့နယ်တရားရုံးသို့ လဝကအက်ဥပဒေပုဒ်မ ၆(၁)/(၂)ဖြင့် ဦးတိုက်လျှောက် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)