စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်း ဦးရေ  ၃၂၃၀ အား ထောက်ပံ့ငွေများ ပေးအပ်

မုံရွာ  ၂၁  စက်တင်ဘာ 

    

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူ (၃၂၃၀)ဦးအား မသန်စွမ်းထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းကကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ခဲ့ကြောင်း သိရသည်။

    

အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက မသန်စွမ်း (၁၀ဝ၀ဝ)ကျော်ကို ပထမအကြိမ် ထောက်ပံ့ပေးပြီးဖြစ်ပါကြောင်း၊ ယခု ၃၀ဝ၀ ကျော်ကို ထပ်တိုး စာရင်းအနေဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနကို  ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ကစတင်ဖွဲ့စည်းပြီး အဲဒိဌာနရဲ့ လုပ်ငန်းစဉ်တစ်ခုအဖြစ်  မသန်စွမ်းများကို ထောက်ပံ့ပေးခြင်းကို လုပ်ဆောင် ပေးခြင်းဖြစ်ကြောင်း၊ ကနဦးထောက်ပံ့ခြင်းအနေဖြင့် တစ်နိုင်ငံလုံးမှာရှိတဲ့ မသန်စွမ်းများကို စာရင်းကောက်ယူတယ်၊ ပြည်နယ်လုံးကျွတ်၊ တိုင်းလုံးကျွတ်ဆောင်ရွက်နေပါ ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက တိုင်းလုံးကျွတ်မသန်စွမ်း တစ်သောင်းကျော်ကို ထောက်ပံ့ပေးပြီး ဖြစ်ကြောင်း၊ သို့သော်လည်း စာရင်းများကောက်ယူရာတွင် ကျန်ရှိခြင်း၊ နောက်တိုးစာရင်းများရှိခြင်း တို့ကြောင့် တိုးလာတဲ့အရေအတွက်အတိုင်း ထပ်မံပြီး ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း” မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။


    

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူ (၃၂၃၀) ဦး အတွက်  ငွေကျပ် (၉၆ ဒသမ ၉)သန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)