စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပဲမျိုးစုံဧက(၁၀)သိန်းကျော်စိုက်ပျိုးပြီးစီး

မုံရွာ ၁၅  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်(၁၀)ခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များတွင် ပဲမျိုးစုံ(၁၀ဝ၈၂၂၀)ဧကအား စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။

 

ခရိုင်အလိုက်စိုက်ပျိုးပြီးစီးမှုအနေဖြင့် မုံရွာခရိုင်အတွင်း ပဲတီစိမ်း (၁၀၇၂၉)ဧက၊ မတ်ပဲ(၄၃၆၂)ဧက၊ ပဲပုတ်ပဲ (၇၅)ဧက၊ ပဲလွမ်းပဲ (၆၃၂၈)ဧက၊ ကုလားပဲ (၁၁၄၀ဝ၁)ဧက၊ စွန်တာပြာပဲ (၃၉၀၅၈)ဧကနှင့် ထောပတ်ပဲ (၁၅၀၃)ဧကအားလည်းကောင်း၊ စစ်ကိုင်းခရိုင်အတွင်း ပဲတီစိမ်း (၆၅၁၄)ဧက၊ မတ်ပဲ(၁၁၂၅၀)ဧက၊ ပဲပုတ်ပဲ (၁၀ဝ၇၈)ဧက၊ ပဲလွမ်းပဲ (၁၀၆၀၆)ဧက၊ ကုလားပဲ (၅၁၉၀၉)ဧက၊ စွန်တာပြာပဲ (၁၂၈၉၈)ဧက၊ ထောပတ်ပဲ (၄၂၁၃)ဧကအားလည်းကောင်း၊ ရွှေဘိုခရိုင်အတွင်း ပဲတီစိမ်း (၂၅၄၀၃)ဧက၊ မတ်ပဲ(၆၉၁၈၈)ဧက၊ ပဲပုတ်ပဲ (၅၂၄)ဧက၊ ပဲလွမ်းပဲ (၁၁၄၆၄)ဧက၊ ကုလားပဲ (၁၂၅၆၂၈)ဧက၊ စားတော်ပဲ (၃၁၅၂)ဧက၊ စွန်တာပြာပဲ (၄၀၅၁၄)ဧက၊ စွန်တာနီပဲ(၃၁၃၂)ဧကနှင့် ထောပတ်ပဲ (၁၀၆၉၄)ဧကအား လည်းကောင်း၊ ကသာခရိုင်အတွင်း ပဲတီစိမ်း (၄၀၄၈)ဧက၊ မတ်ပဲ(၅၆၇၃)ဧက၊ ပဲပုတ်ပဲ (၇၄၈၅)ဧက၊ ပဲလွမ်းပဲ (၄၁၉၉)ဧက၊ ကုလားပဲ (၄၈၀၈)ဧက၊ စားတော်ပဲ(၁၂၀၄၂)ဧက၊ ထောပတ်ပဲ (၁၅၅၁)ဧကအား လည်းကောင်း စိုက်ပျိုးပြီးစီးပြီဖြစ်သည်။

 

mdn

 

ထို့အပြင် ကန့်ဘလူခရိုင်အတွင်း ပဲတီစိမ်း (၂၇၅၂၆)ဧက၊ မတ်ပဲ(၄၉၇၂၄)ဧက၊ ပဲလွမ်းပဲ (၁၃၂၃)ဧက၊ ကုလားပဲ(၆၈၇၂)ဧက၊ စားတော်ပဲ(၁၇၉၂၃)ဧက၊ စွန်တာပြာပဲ(၉၂၁၇)ဧက၊ စွန်တာနီပဲ (၁၃၉၃)ဧကနှင့် ထောပတ်ပဲ(၃၇၉၃)ဧကအားလည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်း ပဲတီစိမ်း (၁၅၄၄၄) ဧက၊ မတ်ပဲ(၉၉၇၆)ဧက၊ ပဲပုတ်ပဲ (၁၀၄)ဧက၊ ပဲလွမ်းပဲ (၁၂၁၀)ဧက၊ ကုလားပဲ (၁၃၂၀၆၁)ဧက၊ စားတော်ပဲ (၄၈၁)ဧက၊ စွန်တာပြာပဲ (၁၀၄၀၆)ဧကနှင့် ထောပတ်ပဲ (၃၈၆၈)ဧကအား လည်းကောင်း၊ ကလေး ခရိုင်အတွင်း ပဲတီစိမ်း (၁၄၅၆၄) ဧက၊ မတ်ပဲ(၅၁၇၁)ဧက၊ ပဲပုတ်ပဲ (၁၀၉၂၈)ဧက၊ ပဲလွမ်းပဲ (၄၂၁၇)ဧက၊ ကုလားပဲ (၆၀၂၅)ဧက၊ စားတော်ပဲ (၁၀ဝ၂၆)ဧက၊ စွန်တာပြာပဲ (၂၇၂၅၀)ဧက၊ စွန်တာနီပဲ(၄၄၄၀)ဧကနှင့် ထောပတ်ပဲ(၃၂၅၁)ဧက အား လည်းကောင်း၊ မော်လိုက်ခရိုင်အတွင်း ပဲတီစိမ်း (၁၄၄၀)ဧက၊ မတ်ပဲ (၄၅၈)ဧက၊ ပဲပုတ်ပဲ(၇၃၇၆)ဧက၊ ကုလားပဲ(၄၆၉)ဧက၊ စားတော်ပဲ (၂၁၆၁)ဧကအား လည်းကောင်း၊ ခန္တီးခရိုင်အတွင်း ပဲတီစိမ်း(၂၄၄)ဧက၊ မတ်ပဲ(၆၈၆)ဧက၊ စားတော်ပဲ (၁၃၄၄)ဧကအား လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပဲတီစိမ်း (၇၄)ဧက၊ ပဲပုတ်ပဲ (၅၃)ဧကနှင့်စားတော်ပဲ (၂၆)ဧကတို့အား စိုက်ပျိုးပြီးစီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)