စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၈၄ တန် လွှဲပြောင်းပေးအပ်

မုံရွာ၊  ၁၈  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၈၄) တန် လွှဲပြောင်း ပေးအပ်ပွဲကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၉ နာရီက မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး တွင် ပြုလုပ်သည်။

 

mdn

 

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ဆန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆန် ၈၄ တန်အား စစ်ကိုင်းတိုင်းဒေသကြီးသို့ လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

 

အဆိုပါ ဆန်များကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလတွင် အခက်အခဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ မိသားစု ၈၅၂၈ စုကို ထောက်ပံ့လှူဒါန်းသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦး က ပြောသည်။

 

အာဆီယံ+၃ အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှ မြန်မာနိုင်ငံရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ မွန်၊ ရှမ်း၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုရှိ အိမ်ထောင်စုပေါင်း ၆၀ဝဝဝ ကျော်အတွက် ဆန်တန်ချိန် ၆၀ဝ ကျော်ကို လှူဒါန်းရာ  စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း အိမ်ထောင်စု ၈၅၂၈ စုကို ထောက်ပံ့ပေးနိုင်ရန် ဆန် ၈၄ တန်အား လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)