စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာများထားရှိနိုင်ရန်    ယာယီဆေးရုံနှစ်ရုံတည်ဆောက်လျက်ရှိ

ဝန်းသို  ၁၅  ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ အတည် ပြုလူနာများထားရှိရန် နေရာမလုံလောက်သဖြင့် ပိုးတွေ့လူနာများထားရှိနိုင်ရန်အတွက် မြို့နယ်ပြည်သူ့အား ကစားကွင်းနေရာလွတ်တွင် လူနာ ၅၀  ဆံ့ ယာယီဆေးရုံတစ်ရုံနှင့်  မိုးလုံလေလုံအားကစားရုံတွင် လူနာ ၃၀  ဆံ့ယာယီဆေးရုံ တစ်ရုံတို့ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မှဦးစီး၍ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါယာယီဆေးရုံနှစ်ရုံ တည်ဆောက်နေမှုလုပ်ငန်းအခြေအနေတို့ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စောအေးတို့က ယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆောက်အဦများ လေဝင်လေထွက်ကောင်းမွန်ရေး၊ လျှပ်စစ်မီးနှင့် ရေရရှိရေး၊ အိမ်သာ၊ အမှိုက်ကျင်းများ စနစ်တကျတူးဖော်ထားရှိရေး၊ သွားလမ်းလာလမ်းများ ကောင်းမွန်စေရေးအတွက် သဲကျောက်များ ပြည့်ပြည့် ဝဝ ခင်းထားပေးစေရေးတို့ကို တာဝန်ရှိသူများက မှာကြားဆောင်ရွက်ခဲ့သည်။

ဝန်းသိုမြို့နယ်တွင် ဇူလိုင်လ ရက်နေ့မှစတင်၍ ယမန်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၃ ဦးရှိပြီ ဖြစ်ပြီး ယနေ့ ဇူလိုင် ၁၅ ရက်နေ့ နံနက် ၉နာရီအချိန် ဂျိုးတောင်တိုက်နယ်ဆေးရုံ၌ ကိုဗစ်သံသယရှိသူ ဦးကို RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ဦးလုံးတွင် Positive တွေ့ရှိခဲ့၍ စုစုပေါင်းအတည်ပြုလူနာ ၅၇ ဦးထိ ရှိနေပြီဖြစ်ကြောင်း အဆိုပါအတည်ပြုလူနာများအားလုံး ကျန်းမာရေးကောင်းမွန်စွာ ဆေးဝါးကုသခံယူလျက် ရှိပြီး ရောဂါပြင်းထန်၍ အောက်ဆီဂျင်ပေး ကုသရမည့်လူနာများမရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)