စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဒုတိယအကြိမ် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် (၂၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့သို့ တက်ရောက်

မုံရွာ ၃၁ ဩဂုတ်

 

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် (၂၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီက  စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ (၄) နှစ်ခွဲတာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ” နှင့် စပ်လျဉ်း၍ မိန့်ခွန်းပြောကြားရာ  ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး  (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ (ဂ) အရ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း  ကြေညာခဲ့သည်။

 

ထွန်းကိုကို(တိုင်းဒေသကြီး-ပြန်ဆက်)