စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကြိုတင်ဆန္ဒမဲပေးသူပေါင်း (၁၀၀၄၃) ဦးရှိ

ပင်လည်ဘူး ၆ နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊  ပင်လည်ဘူးမြို့၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးသူပေါင်း (၁၀၀၄၃) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

 

ပင်လည်ဘူးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲရုံပေါင်း (၁၂၈) ရုံ၊ ပါဝင်ယှဉ်ပြိုင်မည့် ပါတီ(၆)ခုနှင့် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပေါင်း (၈၄၂၆၆) ဦးရှိပြီး ကြိုတင်ဆန္ဒမဲများကို  အောက်တိုဘာ ၂၉ ရက်မှစတင်၍  နိုဝင်ဘာ ၅ ရက်အထိ  ရပ်ကွက်/ကျေးရွာများတွင် ကြိုတင် ဆန္ဒမဲများပေးခဲ့ကြရာ အသက် ၆၀ နှစ်နှင့်အထက်နှင့် အခြားကြိုတင်ဆန္ဒမဲပေးသူပေါင်း (၁၀၀၄၃)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မျိုးလွင်(ပင်လည်ဘူး)