စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် Exercies is Medicine သင်တန်းဆင်းပွဲ တက်ရောက်

မုံရွာ ၁၈ နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဉီးစီးဌာနနှင့် အကျဉ်းဉီးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် Exercies is Medicine သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီက မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။         

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း က “ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးလိုလိုဟာ မိမိတို့ရဲ့ စိတ်ဆန္ဒများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မိမိကိုယ်တိုင် ခန္ဓာသန်စွမ်း စိတ်ရွှင်လန်းနေမှသာ အောင်မြင်အောင်လုပ်ကိုင် ဆောင်ရွက်နိုင်မှု အခွင့်အလမ်းပိုများမှာ ဖြစ်ပါကြောင်း၊ ကိုယ်လက်လှုပ်ရှားအားကစားဟာ အားလုံးအားလုံးအတွက် အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါကြောင်း၊  ခေတ်သစ် ယနေ့ကာလတွေမှာ စိတ်အပြောင်းအလဲဖြစ်အောင် ပြေးခုန်လှုပ်ရှားမှုများမှာ တေးဂီတရောစွက်ထားတဲ့ လှုပ်ရှားမှုများနဲ့ လှုပ်ရှားမှုများ ပြုလုပ်တဲ့အတွက် ပိုမိုအကျိုးသက်ရောက်မှုများ ရှိလာသဖြင့် Fitness Dance များ၊ Zumber Dance များကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နေကြတာကို ယနေ့ Inter Net အသုံးပြုသူများအားလုံး တွေ့မြင်ကြရမှာဖြစ်ပါကြောင်း နှင့် သင်တန်းဆင်း ဆရာ၊ ဆရာများအနေဖြင့် မိမိတို့ရဲ့ အကျဉ်းထောင်၊ စခန်းအသီးသီးသို့ ပြန်လည်ရောက်ရှိတဲ့အခါမှာ ယခုသင်ကြားပေးလိုက်တဲ့ Fitness Dance များကို သန္ဓေဝန်ထမ်းများအား သပ်သပ်တစ်ချိန်နဲ့ အကျဉ်းသူ၊အကျဉ်သားများကို သပ်သပ်တစ်ချိန်ခွဲခြားပြီး နေ့စဉ်ဆောင်ရွက်ပေးရင်း နိုင်ငံတော်၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို တစ်ဖက်တစ်လမ်းမှ ကူညီပေးကြပါလို့” တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဉီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် နယ်စပ်ရေးနှင့်လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က သင်းတန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားတစ်ဉီးက လက်ခံရယူခဲ့သည်။  

ယင်းနောက် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့်အဖွဲ့က သင်တန်းသား/သူများ၏ Fitness Dance ဖြင့် သရုပ်ပြဖျော်ဖြေမှုတို့အား ကြည့်ရှုအားပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုင်ကူးခဲ့ကြသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး၊ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ ကော်မတီဝင်မျာ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အကျဉ်းဉီးစီးဌာနမှ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်၊စခန်း (၁၁)ခုမှ အကျဉ်းဉီးစီးဌာန ဝန်ထမ်းနှစ်ဉီးစီဖြင့် စုစုပေါင်း ဝန်ထမ်း(၂၂)ဉီးကို နိုဝင်ဘာ ၁၂ ရက်နေ့မှ စတင်ပြီး နိုဝင်ဘာ (၁၈)ရက်နေ့အထိ သင်တန်းကာလ ရက်သတ္တပတ် တစ်ပတ်ကြာ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)