စစ်ကိုင်းနှင့် ရွှေဘိုမြို့နယ်တို့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် လူနေအိမ်များပြောင်းရွှေ့

နေပြည်တော် ၂၈  ဇူလိုင်

           

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်း ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းက ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ပန်းဘဲတန်းရပ်ကွက်နှင့် ရွာထောင်ရပ်ကွက် တို့၌ ရေအနက် ၁ ပေခွဲခန့် ဝင်ရောက်လာသဖြင့် အိမ်ထောင်စု ၂၉ စု၊ လူဦးရေ ၉၀  တို့သည် အဆိုပါ ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းများသို့လည်းကောင်း၊

 

ညနေ ၃ နာရီတွင် ဒါးဝယ်ဈေးရပ်ကွက်မှ အိမ်ထောင်စု ၂၆၈ စု၊ လူဦးရေ ၁၂၃၁ ဦးတို့သည့် ငါးထပ်ကြီးဘုရားနှင့် ကြေးဘုရားကြီးအနီးရှိ ရေလွတ်ရာနေရာများသို့လည်းကောင်း အသီးသီး ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊

           

အလားတူ ညနေ ၄ နာရီခွဲတွင် ရွှေဘိုမြို့နယ်အတွင်း ကျောက်မြောင်းမြို့၊ (၄)ရပ်ကွက်၌ ရေအနက် ၁ ပေခွဲခန့် ဝင်ရောက်လာသဖြင့် အိမ်ထောင်စု ၃၀၊  လူဦးရေ ၁၂၀  တို့သည် ရေလွတ်ရာ ဘုန်းကြီးကျောင်းများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များမှ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)