စာတမ်းလေးစောင်ကို ကျွမ်းကျင်တဲ့ နယ်ပယ်တွေကနေ ဖိတ်ခေါ်ပြီး ခေတ်ဟောင်းကုထုံးနဲ့ ခေတ်ပေါ်ကုထုံးဆိုပြီး နှစ်ပိုင်းခွဲ ဆွေးနွေးလျက်ရှိ

မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာရှင်များ နှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပလျက်ရှိပြီး တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများအား တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

 

ာသန

ဒေါက်တာမိုးဆွေ (ညွှန်ကြားရေးမှူးချုပ်)

တိုင်းရင်းဆေးပညာဦးစီးဌာန


အဓိကအားဖြင့် တိမ်မြုပ်နေတဲ့ တိုင်းရင်းဆေးပညာနဲ့ ကုထုံးတွေကို ဖော်ထုတ်နိုင်ဖို့အတွက် ညီလာခံကို ကျင်းပ ရခြင်းဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ရင်‌ပေါင်တန်းနိုင်အောင် လည်း ရည်မှန်းချက်ထား လုပ်ဆောင်နေပါတယ်။ အရင် နှစ်တွေက အကြိုညှိနှိုင်းမှာ အဆိုအထောက်တွေပဲ ဦးစား ပေးလုပ်ခဲ့တာ။ ဒီနှစ်မှာတော့ စာတမ်းလေးစောင်ကို ကျွမ်းကျင်တဲ့ နယ်ပယ်တွေကနေ ဖိတ်ခေါ်ပြီး ခေတ်ဟောင်း ကုထုံးနဲ့ ခေတ်ပေါ်ကုထုံးဆိုပြီး နှစ်ပိုင်းခွဲ ဆွေးနွေးလျက် ရှိပါတယ်။ တိုးတက်မှုအနေနဲ့ အွန်လိုင်းကနေ တိုင်းရင်း ဆေးသက်တမ်းတိုး မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေး တော့မှာဖြစ်ပါတယ်။ နောက်လလောက်မှာ စတင် ဆောင်ရွက်ပေးနိုင်အောင် လုပ်ဆောင်နေပါတယ်။

 

ဦးဖေ
‌ဒေါက်တာဦးဖြေ၊‌‌‌ ဒေ၀ယက္ခဆေးတိုက်

တိုင်းရင်းဆေးလောက ဖွံ့ဖြိုးတိုးတက်မှုအတွက် တိုင်းရင်းဆေးပညာရှင်တွေရော၊ ထုတ်လုပ်သူတွေရော၊ သက်ဆိုင်ရာကရော အားလုံးပူးပေါင်းပြီး လုပ်ဆောင်ကြဖို့ လိုပါတယ်။ မျိုးဆက်သစ်တိုင်းရင်းဆေးပညာရှင်တွေ ပိုပြီးထွက်ပေါ်လာဖို့လည်း တက္ကသိုလ်မှာရော၊ သင်တန်း တွေရော အောင်အောင်မြင်မြင် ဖွင့်လှစ်တာလည်း ပိုပြီး ကောင်းတယ်။ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ တိုင်းရင်းဆေး ပညာတွေကို ဖော်ထုတ်ကြမှာမို့ အလားအလာကောင်း တွေ ထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။

 

ဦးကြည်ဝင်း
ဦးကြည်ဝင်း၊ ဆန္ဒမွန်ဆေးတိုက်

မြန်မာ့တိုင်းရင်းဆေးလောကကြီး ဘက်စုံထောင့်စုံ အဆင့်အတန်းမြင့်မားလာဖို့ အခွင့်အလမ်းတွေ မြင်တွေ့ရ ပါတယ်။ ယခုကာလဟာ နှီးနွှယ်အသင်းတွေအချင်းချင်း ချိတ်ဆက်ပြီး တိုင်းရင်းဆေးလောက ဖွံ့ဖြိုးတိုးတက်လာဖို့ နိုင်ငံတော်နဲ့ ပူး‌ပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ ပွင့်လင်းလျက်ရှိနေပါတယ်။ တိုင်းရင်းဆေးလောက ဖွံ့ဖြိုး တိုးတက်ရေးကို အဟန့်အတားဖြစ်စေတဲ့ တိုင်းရင်းဆေး မဟုတ်တဲ့ အရောအနှောတွေကိုလည်း ဓာတ်ခွဲခန်းတွေ ထူထောင်ပြီး ဖော်ထုတ်သွားဖို့ တိုင်းရင်းဆေးလောကနဲ့ ဆက်နွှယ်နေတဲ့ အသင်းအဖွဲ့များ အတူလက်တွဲပြီး ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။

 

ခင်ခင်စိန်
‌ဒေါ်ခင်ခင်စိန်၊ ထွန်းရွှေဝါတိုင်းရင်းဆေးဝါးလုပ်ငန်း

ဒီနှစ်က အတော်လေးထူးခြားပါတယ်။ ပညာရှင်တွေကိုယ်စားလှယ်တော်တွေကလည်း အနယ်နယ်အရပ်ရပ်က ပါ၀င်တယ်။ တိုင်းရင်းဆေးပညာရပ်တွေကို ဖော်ထုတ်ဖို့ ဆွေး‌နွေးသလို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင်၊ အာဆီယံစျေးကွက်၀င်နိုင်အောင် စုပေါင်းအဖြေရှာကြတာ လည်း အားရကျေနပ်မိပါတယ်။ သုတေသနလုပ်ငန်းတွေ ကို တွန်းအားပေးလုပ်ဆောင်ရင်း တိုင်းရင်းဆေးလောက ကို နိုင်ငံတကာအလယ် ဖော်ထုတ်ခွင့်ရနိုင်မယ်ဆိုရင် တန်ဖိုးရှိတဲ့ ‌ဒေသမျိုးရင်း ပရဆေးပင် သစ်ဥ၊ သစ်ရွက် စတာတွေကို စနစ်တကျနဲ့ နည်းပညာပေါင်းစပ်ပြီး စိုက်ပျိုး ထုတ်လုပ်နိုင်ကြမယ်ဆိုရင် အတော်လေးအားရဖွယ် အနေအထားဖြစ်လာမယ်ဆိုပြီး ကျေနပ်၀မ်းသာမိပါတယ်။

 

မိုးပြည့်ပြည့်ဖြိုး
ဒေါ်မိုးပြည့်ပြည့်ဖြိုး၊ မုံရွာဆရာမိုးဆေးတိုက်

မုံရွာဆရာမိုး ဆေးတိုက်ကနေ ထုတ်လုပ်တဲ့ ဆေးငါး မျိုးစုံကို အရည်အသွေးကောင်းမွန်တဲ့ ဆေးဖြစ်အောင် ISO နည်းပညာနဲ့ စနစ်တကျထုတ်လုပ်ထားပါတယ်။ နိုင်ငံခြားဆေးမရောနှောဘဲ ဓာတုပစ္စည်းကင်းစင်စွာနဲ့ ထုတ်လုပ်ထားတဲ့ မြန်မာတိုင်းရင်းဆေးစစ်စစ် ဖြစ်ပါတယ်။ အခုလို တစ်နှစ်တစ်ကြိမ် ညီလာခံကနေ အတွေးသစ်၊ အမြင်သစ်တွေ၊ အားသစ်တွေရတယ်။ လူငယ်မျိုးဆက်သစ် တွေ အများကြီးပေါ်ထွက်လာဖို့လည်း မျှော်လင့်ပါတယ်။

 

ဖြူ
ဒေါ်ဖြူဖြူအောင်၊ ကံသာဆေးတိုက်

တိုင်းရင်းဆေးပညာရှင်တွေဟာ ရောဂါသိမှု၊ ကုထုံး သိမှု၊ ဆေးဝါးသိမှုဆိုတဲ့ ဒီသုံးမျိုးကို တတ်ကျွမ်းရပါတယ်။ တိုင်းရင်းဆေးပညာရပ်ဟာ သိမှုသုံးဖြာလုံးမှာ ခေတ်စနစ် နဲ့အညီ တိုးတက်မြင့်မားလာခဲ့ပါတယ်။ ဆေးဝါးထုတ်လုပ် သူတစ်ဦးအနေနဲ့လည်း အရည်အသွေးမြင့် ဆေးဝါးတွေ ထုတ်လုပ်နိုင်ဖို့ တိုင်းရင်းဆေးပညာဦးစီးဌာန ရဲ့ ကြီးကြပ် မှုနဲ့ တိုင်းရင်းဆေးဝါးဥပဒေတွေကို လိုက်နာပြီး ပြည်သူ လူထုအတွက် ဘေးကင်းထိရောက်တဲ့ ဆေးဝါးတွေကို ဆေးဆရာကျင့်ဝတ်၊ ထုတ်လုပ်သူကျင့်ဝတ်တွေကို လိုက်နာ ပြီး ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်း - သိမ့်သိမ့်မိုး၊ ဓာတ်ပုံ - ခင်ရတနာ