စာသင်ကျောင်းများသို့ ရွေ့လျားစာကြည့်တိုက်ဖြင့် စာဖတ်စွမ်းရည်တိုးတတ် မြင့်မားလာစေရေးအတွက် ဆောင်ရွက်

ပုဇွန်တောင်  ၁၈ စက်တင်ဘာ 


ကလေးငယ်များ ဉာဏ်ရည်တိုးတက်လာစေရန် စာဖတ်စွမ်းရည် တိုးတတ်မြင့်မား လာစေရန်အတွက် ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက အ.ထ.က(၄) အ.လ.က(၁) အ.မ.က(၆) အမက(၁၀) စသည့် စာသင်ကျောင်းများကို ရွေ့လျားစာကြည့်တိုက် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်ပေးရာတွင် ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို ပုံပြင်ပြောခြင်း အားကစားလှုပ်ရှားမှုများ ဆောင်ရွက်ပေးခြင်း၊ စာအုပ်များကို ကိုယ်တိုင် ဖတ်စေခြင်း စာအုပ်များငှားပေးခြင်းတို့ ဆောင်ရွက်ပေးကြကြောင်း သိရသည်။


ကိုဘုန်း (ပုဇွန်တောင်)