စာဖတ်ရှိန်မြင့်တင်ရေးနှင့် စာအုပ်ဈေးရောင်းပွဲတော် ညောင်လေးပင်မြို့၌ ကျင်းပ

ညောင်လေးပင် ၁၈ ဇန်နဝါရီ 


ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်လေးပင်မြို့နယ်ရုံးနှင့် ညောင်လေးပင်မြို့နယ် စာပေချစ်မြတ်နိုးသူများ ပူးပေါင်းဖွင့်လှစ်သော စာဖတ်ရှိန်မြင့်တင်ရေးနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲကို ဇန်နဝါရီ ၁၈ ရက် မနက် ၁၀ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြန်/ဆက်ဦးစီးဌာနရုံးရှေ့၌ ကျင်းပပြုလုပ်သည်။


ဖွင့်ပွဲတွင် ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်က စာအုပ်ဈေးရောင်းပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ 


ထို့နောက် တက်ရောက်လာကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မြို့နယ်အပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စာပေချစ်သူများ ဆရာ/ဆရာမများ ကျောင်းသား/သူများက ခင်းကျင်းပြသထားသော သုတရသ စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြသည်။


အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်ကို ဇန်နဝါရီ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပေးသွားမည် ဖြစ်ကြောင်း သိရသည်။


နေလင်း(ညောင်လေးပင်)