စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

နေပြည်တော် ၊ ၃ ဒီဇင်ဘာ 

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူ ဆု၊ စာပဒေသာဆု ပထမဆုရရှိသည့် စာရေးဆရာ ထက်ခိုင်၏ “စေတနာ လမ်းက လျှောက်ခဲ့ပါ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ချည်မျှင်၊ အထည်နှင့် အချောကိုင်စက်ရုံ (ပလိပ်) စီမံကိန်းမှ အရဥထမ်းတစ်ဦး၏အလုပ် စတင်ဝင်ရောက်ချိန်မှ အငြိမ်းစားယူ သည့် (၃၈) နှစ်တာ ကာလအတွင်းတာဝန်ကျရာ စက်ရုံ၊ ဌာနအလိုက် ဝါရောင်းတောင်သူများ၊ လက်အောက် ဝန်ထမ်းများကို စေတနာအရင်းခံထား ပုံ၊ စာနာဖေးမခဲ့ပုံ၊ စည်းရုံးသိမ်းသွင်း မှုဖြင့် လုပ်ငန်းအောင်မြင်အောင် စွမ်းဆောင်ကြိုးပမ်းခဲ့ပုံ၊ ကိုယ်ရေး ကိုယ်တာ အခက်အခဲထက် အလုပ် တာဝန်ကို အလေးထားဆောင်ရွက်ခဲ့ပုံ ဝန်ထမ်းဘဝလောကဓံအနိမ့်အမြင့်ကို ကျေနပ်စွာခံယူ၍ ရင်ဆိုင်ကျော်ဖြတ်ခဲ့ပုံတို့ကို သွက်လက်သော အရေးအသားဖြင့် စိတ်ဝင်စားဖွယ် ရေးဖွဲ့ထားသည်။ ထို့ပြင် ရောင့်ရဲကျေနပ် ခြင်း၊ မိမိ၏အလုပ်တာဝန်ကို ယုံယုံ ကြည်ကြည်၊ ရိုးရိုးသားသား စေတနာ ရှေ့ထား၍ အောင်မြင်အောင်ထမ်းရွက် ခြင်းသည်သာ နိုင်ငံ့ဝန်ထမ်းတစ်ဦး၏ ပုံရိပ်ကောင်းတစ်ခုဖြစ်ပြီး ဘဝနေညို ချိန်၌ စိတ်အေးချမ်းသာစွာ နေနိုင်ကြောင်း အားကျအတုယူဖွယ်ဖြစ်အောင် ရေးဖွဲ့ထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
 
အဆိုပါစာအုပ်ကို ရောင်းဈေး (၁၃၀၀) ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ် ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁၃၈၁၄၄၈)၊ အမှတ် (တ- ၅၅) သပြေကုန်းဈေး၊နေပြည်တော်ရှိစာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ( ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား ၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ တွင်ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်