ရန်ကုန် ၁၂ စက်တင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုရ၊ ကလေးစာပေ ပထမဆုရရှိသည့် စာရေးဆရာ မောင်လွန်းမြိုင်(ပင်လယ်ဘူး) ၏ “ဝလုံးစောင်းစောင်း ပန်းပေါင်း ကုဋေ ကလေးကဗျာများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ကဗျာ စုစုပေါင်း ၇၂ ပုဒ်ပါဝင်သည်။ ကဗျာများမှာ ရွတ်ဆို၍ ကောင်းသော ကဗျာများဖြစ်ပြီး ကလေးများ သိနားလည်မှုရှိသော စကားလုံးများ ဖြင့် သုံးနှုန်းရေးဖွဲ့ထားကာ အကြောင်းအရာ အမျိုးအစားစုံလင် အောင် ရေးစပ်ထားသည်။ ကလေးတို့၏ ချစ်စရာသဘာဝလေးများကို လှပသောစကားလုံးများ၊ ချိုသာ သော ကာရန်များဖြင့် ဖွဲ့ဆိုထား၍ ပျော်ရွှင်စွာရွတ်ဆိုနိုင်သည့် ကဗျာစာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။ ကလေးများအဖို့ ကဗျာပြတင်းမှ တစ်ဆင့် ဗဟုသုတများစွာကို လေ့လာသိရှိနိုင်သည့် ကလေးကဗျာ စာအုပ်တစ်အုပ် ဖြစ်ပါသည်။ ထို့ပြင်ကဗျာများကို အစဉ်အလာ ကဗျာလမ်းကြောင်းနှင့် အညီ ရေးဖွဲ့ထား၍ ကဗျာရေးစပ်လို သူဝါသနာရှင်များ လက်ကိုင်ထားရမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ငွေကျပ် ၃၀၀၀ ဖြင့် အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် ဖုန်း -၀၁၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ အမှတ်(တ-၅၅) သပြေကုန်းဈေး နေပြည်တော် ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေ ဗိမာန်၊ အရောင်းဌာန ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်


